So Shwe
11 hours ago Tech
Samsung ချစ်သူတွေအတွက် အတန်ဆုံး၊ အမိုက်ဆုံး၊ အကြမ်းဆုံးပစ္စည်းတွေကို ရောင်းချပေးမယ့် “Samsung LIVE Sales” ကြီးလာပါပြီနော် . . . ဇူလိုင် (၁) ရက်နေ့မှာ အလန်းစားဖုန်းတွေနဲ့ ဇူလိုင်လ (၇) ရက်နေ့မှာ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးကို ငွေကျပ် (၁၀) သိန်းအထိ ငွေသားလက်ဆောင်ပြန်ရမယ့် အထူးဈေးနှုန်းတွေနဲ့ ရောင်းချပေးသွားပါမယ်နော် . . . အဲ့ဒါတွေအပြင် လက်ဆောင်တွေရမယ့် စိတ်လှုပ်ရှားစရာ ဂိမ်းအစီအစဉ်တွေ၊ Lucky Draw အစီအစဉ်တွေလည်း အများကြီးပါဝင်မှာဆိုတော့ အရမ်းမိမိုက်နေပြီပေ့ါ . . . LIVE Sales အချိန်တွင်းမှာပဲ ဒီလိုအခွင့်အရေးတွေရမှာဆိုတော့ လုံးဝလက်လွှတ်လို့မဖြစ်ဘူးနော် . . . …
Read More »
So Shwe
13 hours ago Tech
လစာထုတ်ပြီးမှ ဖုန်းဝယ်မယ်ဆိုတဲ့ Samsung ချစ်သူတို့အတွက် လစာလဲရ . . . Promotion လဲရ . . . ဒါတွေအပြင် ငွေကျပ် (၃) သိန်းအထိ သက်သာနိုင်မယ့် Samsung Days Promotion လာပါပြီ . . . Samsung ရဲ့ဖုန်းလေးတွေ ဝယ်ယူတဲ့အခါတိုင်းမှာ ငွေကျပ် ၂ သောင်း မှ ၃ သိန်း အထိ ငွေသားလက်ဆောင် ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ် . . . Promotion ကာလကတော့ – ဇွန်လ ၂၇ ရက်မှ ဇူလိုင်လ ၁၀ ရက် …
Read More »
So Shwe
13 hours ago Tech
YouTube ဆိုတာ ကမ္ဘာတစ်လွှား လူသုံးအများဆုံး ဖျော်ဖြေရေးအရင်းအမြစ်ကြီးတစ်ခုလို့တောင် ပြောလို့ရပါတယ်။ YouTube ပေါ်မှာ ဗဟုသုတရစရာတွေ ၊ ပညာရေးဆိုင်ရာတွေနဲ့ ဖျော်ဖြေရေးဆိုင်ရာ Video Contents တွေ သန်းနဲ့ချီ ရှိပါတယ်။ ဒါကြောင့်ပဲ YouTube မှာ တစ်လတစ်လ ဝင်ကြည့်သူ သန်းထောင်နဲ့ချီ ရှိနေတာပါ။ တစ်ဖက်မှာလည်း YouTube သုံးတာကို ကန့်သတ်ပိတ်ပင်မှုလုပ်ထားတဲ့နိုင်ငံတွေလည်း အတော်များများ ရှိပါတယ်။ တချို့နိုင်ငံတွေက YouTube ကို ယာယီကန့်သတ်ထားတာဖြစ်ပေမယ့် တချို့နိုင်ငံတွေကတော့ ပြန်ဖွင့်မပေးတော့ဘူး ထင်ရလောက်အောင် နှစ်ပေါင်းများစွာ ပိတ်ထားတာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတွေထဲကမှ YouTube သုံးစွဲမှု ပိတ်ပင်ထားတဲ့ နိုင်ငံ ၅ ခု အကြောင်း ဖော်ပြလိုက်ပါတယ်။ …
Read More »
So Shwe
14 hours ago LifeStyle
၁။ ထမင်းဝိုင်း။ ကောင်းမွန်သည့် ထမင်းဝိုင်း၌ အစားအသောက်၊ သောက်ရေတို့နဲ့ပတ်သက်ပြီး သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာရန်လိုအပ်ပါတယ်။ ထမင်းဝိုင်းမှ ဟင်းပန်းကန်များကို တူညီသည့်ဘက်တစ်ခုတည်းကိုသာ ပေးသင့်သည်ဟုဆိုကြပြီး “ဘယ်ဘက်ကိုပေးလိုက်။” ဟု ပြောချိန်၌ အခြားသောတစ်စုံတစ်ယောက်က ညာဘက်ကိုသာရွေးချယ်၍ပေးခဲ့ခြင်းကြောင့် ယခုစည်းမျဉ်း ပေါ်ထွန်းလာသည်ဟုလည်း ဆိုကြပါတယ်။ ၂။ ကားတံခါးဖွင့်ခြင်း။ ကိုယ့်ရဲ့ဘယ်ဘက်ခြမ်းမှ ကားတံခါးကို ဘယ်ဘက်လက်ဖြင့်ဖွင့်ခြင်းက မတော်တဆမှု ဖြစ်ပွားနို်င်ချေပိုမိုများပြားပြီး ဘေးမှလာသောကား၊ စက်ဘီးများနဲ့ ထိခိုက်မိနိုင်ချေရှိပါတယ်။ ညာဘက်လက်ဖြင့် ကိုယ့်ရဲ့ဘယ်ဘက်ခြမ်းမှ ကားတံခါးကိုဖွင့်ခြင်းက ခန္ဓာကိုယ်အားယူမှုကြောင့် အနောက်ကိုပြန်မြင်နိုင်ပြီး အဆိုပါစည်းမျဉ်းကို နိုင်ငံတစ်နိုင်ငံက သတ်မှတ်ခဲ့ကြောင်း သိရှိရပါတယ်။ ၃။ ဖုန်းပြောခြင်း။ ဖုန်းပြောတဲ့အခါမျိုးတွေမှာ ညာဘက်လက်ကိုအသုံးပြုပြီး ညာဘက်နားဖြင့်သာ နားထောင်သင့်ပါတယ်။ ထိုကဲ့သို့နားထောင်ခြင်းက ပိုမိုကောင်းမွန်သည့်အသံစနစ်ကို …
Read More »
So Shwe
14 hours ago LifeStyle
ဒီနေ့ဒီအချိန်အထိ ကျားမခွဲခြားမှုပြုလုပ်နေတာက သင့်ကိုစမတ်ကျတဲ့သူတစ်ယောက်ဖြစ်စေမှာမဟုတ်ပါဘူး။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့အပြိုင် ရင်ဘောင်တန်းလာတဲ့အချိန်မှာ ယောက်ျားလေးမို့လို့၊ မိန်းကလေးမို့လို့ဆိုပြီး ခွဲခြားခွဲခြားလုပ်နေတာတွေကို တိုက်ဖျက်ဖို့ တစ်ကမ္ဘာလုံးက ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒီလိုအချိန်မှာ ဂျာမနီနိုင်ငံက ကလေး (၃) ယောက်အဖေ အမျိုးသားတစ်ယောက်ဟာ ထူးထူးဆန်းဆန်းလုပ်ရပ်တစ်ခုကို လုပ်ပြခဲ့ပါတယ်။ ဒါကတော့ တခြားမဟုတ်ပါဘူး။ နေ့စဉ်ရုံးသွားရုံးပြန်ချိန်တိုင်းမှာ မိန်းကလေးတစ်ယောက်လို ဝတ်စားရင်း အဝတ်အစားဆိုတာ ကျားမခွဲခြားခြင်းတစ်ခုသာဖြစ်ကြောင်း ပြသခဲ့ပါတယ်။ ဒါ့အပြင် အသက် (၆၁) နှစ်အရွယ် မာ့ခ်ဘရိုင်ယန်ဟာ အခုမှဒီလိုမျိုးစတင်လုပ်ဆောင်တာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ (၄) နှစ်တည်းက အခုလိုမျိုး မိန်းကလေးတစ်ယောက်လို ဝတ်ဆင်ရင်း အဝတ်အစားနဲ့ပတ်သက်ပြီး ရှေးရိုးစွဲအယူအဆတွေကို တိုက်ဖျက်ဖို့ တိုက်ပွဲဝင်ခဲ့တာပါ။ မာ့ခ်ဘရိုင်ယန်အနေနဲ့ ကောလိပ်ကျောင်းသားဘဝမှာ မိမိချစ်သူနဲ့အတူတွဲကရန် ပြင်ဆင်တဲ့အချိန်မှာ …
Read More »
So Shwe
14 hours ago Tech
TikTok သုံးစွဲတဲ့ အမေရိကန်နိုင်ငံသားတေါဆီကနေ လျှို့ဝှက်အချက်အလက်တွေကို တရုတ်အခြေစိုက် TikTok ရဲ့မိခင်ကုမ္ပဏီ ByteDance ဝန်ထမ်းတွေက ထပ်တလဲလဲ ရယူနေတယ်ဆိုပြီး BuzzFeed သတင်းဌာန ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်း ထွက်လာပြီးနောက် FCC ကော်မရှင်လူကြီးတစ်ဦးဖြစ်တဲ့ ကားက TikTok ကို App Stores တွေကနေ ban ဖို့အတွက် Apple နဲ့ Google ကို တောင်းဆိုခဲ့ပါတယ်။ TikTok ကုမ္ပဏီတွင်း အစည်းအဝေးကနေ ပေါက်ကြားလာတဲ့ အသံဖိုင်တွေကို စစ်ဆေးထားတဲ့ BuzzFeed သတင်းဌာနရဲ့ အစီရင်ခံကို ကိုးကားပြီး ကော်မရှင်နာမင်းကြီးက သူ့ရဲ့ အိတ်ဖွင့်ပေးစာမှာ TikTok ကို Google နဲ့ Apple တို့ရဲ့ …
Read More »
So Shwe
14 hours ago LifeStyle
Liverpool မှာ မိသားစုနဲ့အတူနေထိုင်တဲ့ အသက် ၉ နှစ်အရွယ် Noah Whitehead ဆိုတဲ့ ကောင်လေးဟာ သူနဲ့သက်တူအရွယ်တူ ကလေးငယ်အချို့က ချို့တဲ့နွမ်းပါးတဲ့မိသားစုမှာ မွေးဖွားလာပြီး အဟာရရှိတဲ့ အစားအသောက်တွေကို နေစဉ်စားသောက်ခွင့်မရှိဘူးဆိုတာကို သိရှိပြီးနောက်ပိုင်း ဆင်းရဲတဲ့ကလေးငယ်တွေကို သူတတ်နိုင်သလောက် အစားအသောက်ပေးကမ်းနိုင်ဖို့ အလှူငွေတွေ ကောက်ခံခဲ့ပါတယ်။ Noah က “လွန်ခဲ့တဲ့ရက်အချို့က ကလေးငယ်တချို့ဟာ အဟာရရှိတဲ့ အစားအသောက်ကို မစားနိုင်တဲ့ အခြေအနေမျိုးမှာရှိနေပြီး အစိုးရအဖွဲ့အနေနဲ့ အထောက်အပ့ံမပေးနိုင်တဲ့အကြောင်း သတင်းမှာ ကြားသိလိုက်ရပါတယ်။ ဒီသတင်းကို ကြားရတာဟာ တကယ်ကို ဝမ်းနည်းစရာကောင်းပါတယ်။ ဒါကြောင့်လည်း Liverpool မြို့အတွင်းမှာရှိတဲ့ ချို့တဲ့နွမ်းပါးတဲ့သူတွေကို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းကို စုထားတဲ့ မုန့်ဖိုးလေးတွေ လှူဖို့အတွက် ဆုံးဖြတ်ထားတယ်။ ဒါကြောင့် …
Read More »
admin
18 hours ago Home & Property
အိမ်အသစ်ရှာဖွေနေသူ ဒါမှမဟုတ် အိမ်ပြောင်းနေဖို့ စိတ်ကူးနေတယ်ဆိုရင်တော့ အခုဆောင်းပါးလေးကို ဖတ်ရှုပေးဖို့ အကြံပေးပါရစေ။ အခုခေတ်မှာတော့ လူမှုကွန်ရက်ကို တွင်ကျယ်စွာအသုံးပြုလာကြပြီမို့ အိမ်အသစ်ရှာနေသူတွေကလည်း လူမှုကွန်ရက်ကနေပဲ ကိုယ်နေလိုတဲ့အိမ်လေးကို ရှာဖွေတွေ့ရှိနိုင်ပါပြီ။ ဒါကြောင့် အိမ်မှာနေရင်း လူမှုကွန်ရက်ကနေ အိမ်အသစ်ရှာဖွေရာကနေ ရရှိလာမယ့် အကျိုးကျေးဇူး ၃ ခုကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ စိတ်ကြိုက်ရှာဖွေနိုင်တယ်။ အိမ်အသစ်ပြောင်းဖို့ စီစဉ်သတ်မှတ်ထားတဲ့ ငွေပမာဏအပေါ်မှာမူတည်ပြီး ကိုယ့်ရဲ့အကြိုက်နဲ့ ကွက်တိဖြစ်မယ့် အိမ်အသစ်ကို နေပူထဲသွားစရာမလို ၊ လမ်းတွေအများကြီးလျှောက်စရာမလိုပဲ ကွန်ပြူတာလေးရှိရုံနဲ့ Online Property Website တွေမှာ ရှာဖွေနိုင်ပါပြီ။ ၂။ အိမ်ခြံမြေဈေးကွက်အကြောင်းကိုလည်း လေ့လာပါ။ အိမ်မှာနေရင်း ကွန်ပြူတာကိုအသုံးပြုပြီး အိမ်အသစ်ရှာဖွေနေရင်းနဲ့ အိမ်ခြံမြေဈေးကွက်အကြောင်းကိုလည်း လေ့လာထားပါ။ ဒီလိုမျိုးလေ့လာထားခြင်းက ကိုယ့်ရဲ့အကြိုက်နဲ့ …
Read More »
So Shwe
18 hours ago Health & Beauty
အိပ်ရင်းနဲ့ဟောက်တတ်သူတွေကြောင့် သူ့ရဲ့ဘေးမှာအိပ်တဲ့သူတွေက အိပ်ရေးပျက်ရတယ်ဆိုပေမယ့် အိပ်နေရင်းနဲ့ဟောက်တတ်တဲ့သူတွေကိုယ်တိုင်လည်း ဆေးကုသမှုမခံယူဘူးဆိုရင် အသက်အန္တရာယ်ကို ကြုံတွေ့ရနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ အိပ်နေရင်းနဲ့ဟောက်ရာကနေ အသက်ရှူရပ်တန့်သွားတာမျိုး ဖြစ်ပေါ်တတ်တာကြောင့်ပါ။ အိပ်နေရင်းနဲ့ဘာကြောင့် ဟောက်သလဲ? ဆိုတဲ့ မေးခွန်းအတွက် အဖြေအများကြီးရှိပါတယ်။ ရောဂါအခံရှိတာကြောင့် ၊ ခန္ဓာကိုယ်ဝနေတာကြောင့် ဒါမှမဟုတ် ပြင်းထန်တဲ့စိတ်ဖိစီးမှုကို ခံစားနေရတာကြောင့် စတဲ့အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ တစ်နေ့မှာတစ်ကြိမ်သာသောက်ရတဲ့ အိပ်နေရင်းနဲ့ ဟောက်တတ်တာကို ပျောက်ကင်းစေမယ့် ဆေးဝါးတစ်မျိုးကို အမေရိကန်ပြည်ထောင်စုမှ သိပ္ပံပညာရှင်တွေက ထုတ်လုပ်လိုက်ပါတယ်။ ဆေးဝါးအသစ်ရဲ့ ကုဒ်နာမည်ကတော့ “AD109” ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက “Apnimed” လို့ အမည်ပေးခဲ့ကာ အိပ်နေရင်းနဲ့ဟောက်ခြင်းကို ၇၄% အထိလျှော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။ Daily Mail သတင်းဌာနရဲ့ သတင်းပေးပို့ချက်အရ အဆိုပါဆေးဝါးထဲမှာ ဟောက်တာကို …
Read More »
admin
18 hours ago Entertainment
Demi Lovato နဲ့ Selena Gomez တို့နှစ်ဦးကြားဆက်ဆံရေးဟာ သူတို့ နှစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခက်အခဲများကြောင့် ပိုမိုဝေးကွာသွားခဲ့ရပြီဖြစ်ပါတယ်။ သတင်းရင်းမြစ်တစ်ဦးရဲ့အဆိုအရ “Demi နဲ့ Selena တို့အကြား ဘာပြဿနာမှမရှိသလို ရန်လိုမုန်းတီးမှုတွေလည်းမရှိကြပါဘူး။ ဒါပေမယ့် သူတို့တွေက သူငယ်ချင်းလည်း မဟုတ်တော့ပါဘူး။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ အသက် (၂၉) နှစ်အရွယ်ရှိပြီဖြစ်သူ Demi က “ကျွန်မ ဆိုရှယ်မီဒီယာပေါ်မှာ အကြိမ်ပေါင်းများစွာ အရှက်ခွဲခံခဲ့ရပြီး ဘယ်နှစ်ကြိမ်ရှိပြီလဲဆိုတာကိုတောင် မရေတွက်နိုင်တော့ပါဘူး။ ဒါပေမယ့် ဒါတွေအားလုံးက ကျွန်မအပေါ် အကျိုးသက်ရောက်မှုတစ်စုံတစ်ရာမရှိခဲ့ပါဘူး။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် Demi အနေဖြင့် အွန်လိုင်းပေါ်မှတစ်ဆင့် Selena ကို အရှက်ခွဲသည့် Post များတင်နေသည်ဟု …
Read More »