အခွံမာသီးတွေမှာ ဗီတာမင်၊ သံဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက် အလွန်အထောက်အကူဖြစ်တယ်ဆိုတာကို သိရှိပြီးသားဖြစ်ကြမှာပါ။ အခုတစ်ခါမှာလည်း သုတေသနပြုလုပ်သူတွေရဲ့ ရှာဖွေတွေ့ရှိမှုအသစ်တွေအရ အခွံမာသီးတွေဟာ ခန္ဓာကိုယ်အလေးချိန် လျှော့ချရမှာလည်း အထောက်အကူဖြစ်စေတယ်ဆိုပြီး သိရှိရပါတယ်။ ဟားဗတ်ဆေးကျောင်းနဲ့ ဟားဗတ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို စားသုံးခြင်းအစား အခွံမာသီးတွေကို ပြောင်းလဲစားသုံးခဲ့မယ်ဆိုရင် ခန္ဓာကို်ယ်အလေးချိန်တက်ခြင်းကို လျှော့ချပေးနိုင်စွမ်းရှိတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ထို့အပြင် သုတေသနပြုလုပ်သူတွေက မည်သည်အခွံမာသီးကိုမဆို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် ဝိတ်တက်လာခြင်းကို ထိန်းသိမ်းပေးနိုင်ရုံသာမက အဝလွန်ခြင်းမှလည်း ကာကွယ်ပေးနိုင်တယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ချော့ကလက်၊ ဂျုံမှုန့်ဖြင့်ပြုလုပ်ထားတဲ့မုန့်အချို၊ ဒိုးနပ်နဲ့ အခြားမုန့်ပဲသရေစာတွေ စားသုံးမယ့်အစား အခွံမာသီးတွေကို ပြောင်းလဲစားသုံးမယ်ဆိုရင် လေးနှစ်အတွင်း ကိုယ်အလေးချိန် ၀.၄၁ ကီလိုဂရမ်ကနေ ၀.၇ …
Read More »