ညဖက်တွေမှာ တော်ရုံနဲ့ အိပ်မပျော်နိုင်သူတွေရဲ့ အခက်အခဲဒုက္ခကို အိပ်မပျော်နိုင်တဲ့သူတွေကသာ သိနိုင်ပါတယ်။ ဘေးပတ်ဝန်းကျင်က သူငယ်ချင်းတွေနဲ့ မိသားစုဝင်များက အကြံဉာဏ်ပေးကြပေမယ့်လည်း တစ်ခါတစ်လေမှာ အထောက်အကူမဖြစ်တာမျိုး ကြုံရတတ်ပါတယ်။ တချို့ဆိုရင် အိပ်မပျော်တာကြောင့် အသက်ငယ်ငယ်လေးနဲ့ အိပ်ဆေးသောက်ပြီး အိပ်ရတာမျိုးတွေတောင်ရှိပါတယ်။ ဒီပြဿနာကို ဖြေရှင်းပေးဖို့ ဟားဗတ်တက္ကသိုလ် ဆေးပညာဌာနက ဒေါက်တာ Andrew Weil က အိန္ဒိယနိုင်ငံသားတွေရဲ့ Yoga ကျင့်စဉ်တွေကို သူကိုယ်တိုင် အိပ်မပျော်တဲ့ညတွေမှာ လက်တွေ့ကျင့်သုံးခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက အိပ်မပျော်တဲ့သူတွေအတွက်ကိုပါ မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။ ထိုကဲ့သို့သော အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးသော အချိန်တိုအတွင်း အိပ်ပျော်ခြင်းနည်းလမ်းကောင်းကို “၄-၇-၈ နည်းလမ်း” လို့ အတိုကောက်သုံးနှုန်းကြပါတယ်။ ပထမဦးဆုံး မိမိအိပ်ယာအနီးရှိ သက်တောင့်သက်သာဖြစ်မယ့်နေရာကို ရွေးချယ်ပါ။ ပြီးရင်တော့ အသက်ကို …
Read More »