အလုပ်လုပ်ရတာ ကြိုက်နှစ်သက်သူတွေအနေနဲ့ အမြဲတမ်း အလုပ်ချည်းပဲ ထိုင်လုပ်နေလို့မဖြစ်ဘဲ ဘဝရှေ့ခရီးအတွက် ချစ်ရတဲ့သူနဲ့ ချိန်းတွေ့ဖို့၊ ပျော်စရာအချိန်တွေကို ဖြတ်သန်းနိုင်ဖို့လည်း လိုအပ်ပါသေးတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း အလုပ်ကို အလွန်အကျွံစွဲလမ်းတာမျိုးကြောင့် ချစ်သူနဲ့ ချိန်းတွေ့ဖြစ်ရင်တောင် စိတ်ဖြောင့်ဖြောင့်နဲ့ ချိန်းမတွေးနိုင်ဘဲ ဖြစ်ရတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူနဲ့ တွေ့ချိန်မှာတော့ အလုပ်တွေကို ချန်ထားခဲ့ပြီး သူ့အတွက် အချိန်ပြည့်ပေးထားသင့်ပါတယ်။ အဲ့ဒါကြောင့် အလုပ်အရမ်းရှုပ်တဲ့သူတွေအတွက် ချစ်သူကိုလည်း အချိန်ကောင်းကောင်းပေးနိုင်ဖို့ နည်းလမ်းတွေကို မျှဝေပေးလိုက်ရပါတယ်။ ၁။ ချိန်းတွေ့နေချိန်မှာ သင့်ဖုန်းကို အသံပိတ်ထားပါ။ ဘယ်လိုပဲ အလုပ်ပြီးအောင်လုပ်ခဲ့ပါစေဦး၊ သင့်ချစ်သူနဲ့ ချိန်းတွေ့နေချိန်မှာတော့ ဖုန်းကနေ သေချာပေါက် အလုပ်ကိစ္စ ဆက်သွယ်တာတွေ ရှိမှာပါ။ အဲ့ဒီအခါကျရင်တော့ နှစ်ယောက်စလုံးအတွက် အာရုံနောက်စရာ …
Read More »