ကမ္ဘာကျော်ဘောလုံးသမားဟောင်းတစ်ယောက်ဖြစ်သည့် ဒေးဗစ်ဘက်ခမ်းနဲ့ ၎င်းရဲ့ဇနီးသည် ဗစ်တိုးရီးယားဘက်ခမ်းတို့အကြား ချစ်ဇာတ်လမ်းက ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်များအတွက် အမြဲတမ်း စိတ်နှလုံးအေးချမ်းစရာတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်းမအောင်မြင်ခင်တည်းက ခင်ပွန်းသည်ဘက်မှ မားမားမတ်မတ်ရပ်တည်ပေးခဲ့သည့် ဗစ်တိုးရီးယားနည်းတူ ဒေးဗစ်ဘက်ခမ်းကလည်း ဘဝလက်တွဲဖော်အပေါ် တစွန်းတစ သစ္စာဖောက်ခဲ့ခြင်းအလျဉ်းမရှိဘဲ ယနေ့အချိန်အထိ တွဲလက်တွေ ခိုင်မြဲခဲ့ပါတယ်။ ဖက်ရှင်လောကရဲ့ ဘုရင်နဲ့ဘုရင်မနှစ်ပါးဟုပင် ခေါ်ဆိုနိုင်သည့် အဆိုပါလင်မယားနှစ်ယောက်အကြားမှ ချစ်ခြင်းမေတ္တာတရားက ယနေ့အချိန်အထိ မပြောင်းလဲဘဲ လတ်ဆတ်နေဆဲဟုပင်ဆိုနိုင်ပြီး သားသမီးများအရွယ်ရောက် ကြီးပြင်းလာသည်အထိ ပျားရည်ဆမ်းသကဲ့သို့အချစ်များဖြင့် ကြည်နူးနေကြဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အချို့ကလည်း ဗစ်တိုးရီးယားဘက်ခမ်းမှ ခင်ပွန်းဖြစ်သူနဲ့အတူတွဲရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကို အင်စတာဂရမ်မှတစ်ဆင့် မျှဝေခဲ့ချိန်၌လည်း ပရိသတ်များအတွက် သဘောကျစရာဖြစ်ရပ်လေးတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။ ထိုဓာတ်ပုံ၌ ဒေးဗစ်ဘက်ခမ်းစီးထားသည့် လည်ရှည်ဘွတ်ဖိနပ်က ဒေးဗစ်ဘက်ခမ်းရဲ့ ခြေထောက်ထက် များစွာကြီးမားနေသည်ကို …
Read More »