ယူနိုက်တက်နည်းပြသစ်ဖြစ်လာမယ့် အဲရစ်တန်ဟက်ခ်က သူ့အနေနဲ့ ယူနိုက်တက်ကြယ်ပွင့် ကစားသမားတွေအပေါ် တစုံတရာ အလျှော့ပေးလိုက်လျောသွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အေဂျက်စ်ကနေ ယူနိုက်တက်ကို ရောက်ရှိလာမယ့် အဲရစ်တန်ဟက်ခ်ဟာ ယူနိုက်တက်မှာ ရော်နယ်ဒို၊ ဘရူနိုဖာနန်ဒက်စ်၊ မက်ဂွိုင်းရား၊ ဒီဂီယာတို့လို နာမည်ကျော်တွေကို ကိုင်တွယ်ရမှာလည်း ဖြစ်ပါတယ်။ ဒီအပေါ်မှာ အဲရစ်တန်ဟက်ခ်အတွက် စိန်ခေါ်မှုတွေရှိလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ နည်းပြဟောင်းဆိုးလ်ရှား၊ လက်ရှိကိုင်တွယ်နေတဲ့ ရန်းနစ်ဂ်တို့ဟာ ရော်နယ်ဒို၊ ဘရူနိုဖာနန်ဒက်စ်တို့အပါအဝင် နာမည်ကျော်တွေကို အလိုက်အထိုက် ဆက်ဆံပေးနေတာကိုလည်း ပရိသတ်တွေ မြင်တွေ့နေရပါတယ်။ အဲရစ်တန်ဟက်ခ်လက်ထက်မှာ ဒီကစားသမားတွေကို ထိန်းရခက်နိုင်မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် အဲရစ်တန်ဟက်ခ်ကတော့ သူ့ရဲ့ခံယူချက်ကို မီဒီယာတွေရှေ့မှာ ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်က ကြယ်ပွင့်တွေနဲ့ ရော်နယ်ဒိုရဲ့ လွှမ်းမိုးမှုတွေကို …
Read More »