ပြည်တွင်းကိုပဲ ခရီးထွက်ထွက်၊ ပြည်ပကိုပဲ ခရီးထွက်ထွက် ငွေကုန်တာကတော့ကုန်မှာပါပဲ။ သို့ပေမယ့် မိမိသွားလိုတဲ့မြို့ (သို့) နိုင်ငံကိုရောက်ပြီဆိုတာနဲ့ တည်းခိုမယ့်နေရာ၊ အစားအသောက်တွေ စျေးနှုန်းသက်သာတဲ့ စားသောက်ဆိုင်တွေကို ရွေးချယ်တတ်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ခရီးစဉ်အတွက် ငွေဘယ်လောက်သုံးမယ်လို့ ဆုံးဖြတ်ချက်ချထားပြီမှ ကိုယ်သုံးနိုင်တဲ့ငွေပမာဏနဲ့ ကိုက်ညီမယ့်နိုင်ငံ (သိ့ု) မြို့ကိုသွားမယ့် ခရီးစဉ်ကို ရွေးချယ်တာအကောင်းဆုံးဖြစ်ပါမယ်။ တကယ်လို့ သင့်အနေနဲ့ နိုင်ငံရပ်ခြားကို ငွေကုန်ကြေးကျအသက်သာဆုံးနဲ့ သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ နိုင်ငံတွေကို သွားရောက်လည်ပတ်ဖို့ အကြံပြုချင်ပါတယ်နော်။ အောက်မှာဖော်ပြထားတဲ့နိုင်ငံတွေမှာဆိုရင် အစားအသောက်အတွက်သာမက နေရာထိုင်ခင်းအတွက်ပါ ငွေကုန်ကြေးကျသက်သာစွာနဲ့ သက်သောင့်သက်သာဖြစ်စေမယ့် မိုတယ်၊ ဟိုတယ်နဲ့ အဆောင်အများအပြားရှိပါတယ်။ ၁။ ဥရောပနိုင်ငံတွေထဲမှာ စျေးအသက်အသာဆုံးနဲ့ နေရာစုံလည်ပတ်ခွင့်ရနိုင်တဲ့ Hungary။ ၂။ …
Read More »