Facebook မိခင်ကုမ္ပဏီ Meta ဟာဆိုရင် ဒီနှစ်ထဲ ဝန်ထမ်းအသစ် မခန့်တော့ဘူးဆိုပြီး သတင်းထုတ်ပြန်ခဲ့ပြီး Apple ကတော့ အလုပ်သမားသမဂ္ဂဖွဲ့ဖို့ ကြိုးစားနေတဲ့ ဝန်ထမ်းတွေကို တစ်နာရီလုပ်ခလစာ တိုးမြှင့်ပေးလိုက်ပါတယ်။ အမေရိကန် စတော့အိတ်ချိန်း ကုမ္ပဏီကြီး ၅၀၀ ရဲ့ စွမ်းဆောင်မှုကို ခြေရာခံထားတဲ့ S&P 500 ကုမ္ပဏီတွေရဲ့ လစာပေးနှုန်း Pay Levels ကို လေ့လာမှုတစ်ခုအရ Apple ဟာ ဝန်ထမ်းတွေကို ပြီးခဲ့တဲ့နှစ်ကထက် လစာ ၁၈% တိုးပေးထားတယ်လို့ သိရပါတယ်။ ဒါဟာအညွှန်းအရ S&P ကုမ္ပဏီ ၅၀၀ စာရင်းဝင် ကုမ္ပဏီအများစုထက် သိသိသာသာ များပြားတဲ့ပမာဏ ဖြစ်ပါတယ်။ The Wall Street …
Read More »ထုတ်လုပ်ရေးအပိုင်းမှာ အခက်တွေ့နေတဲ့ Apple
ကိုဗစ်ကင်းစင်ရေးအတွက် တင်းကျပ်တဲ့ တရုတ်အစိုးရရဲ့ မူဝါဒတွေကြောင့် iPhone နဲ့ Mac ထုတ်ကုန်တွေ ထုတ်လုပ်ရေး နှောင့်နှေးနေတဲ့ Apple ဟာ တရုတ်နိုင်ငံပြင်ပ ထုတ်ကုန်ထုတ်လုပ်ရေးကို တိုးမြှင့်ဖို့အတွက် ထုတ်လုပ်သူတချို့ကို မှာကြားထားတယ်လို့ သိရပါတယ်။ The Wall Street Journal သတင်းအရ အိန္ဒိယနဲ့ ဗီယက်နမ်တို့ဟာ တရုတ်နိုင်ငံအစား Apple ထုတ်ကုန် ထုတ်လုပ်ရေးမှာ အားကိုးစရာနိုင်ငံတွေ ဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။ ဈေးကွက်တန်ဖိုးအရ အကြီးဆုံးအမေရိကန်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Apple ရဲ့လုပ်ရပ်ဟာ ထုတ်လုပ်ရေးနဲ့ အရေးကြီး ပစ္စည်းအစိတ်အပိုင်းတွေမှာ တရုတ်အပေါ် အားကိုးမှုကို လျှော့ချဖို့ စဉ်းစားနေတဲ့ တခြားအမေရိကန်ကုမ္ပဏီကြီးတွေရဲ့ အတွေးအခေါ်အပေါ် ဩဇာလွှမ်းမိုးမှု ရှိလာနိုင်ပါတယ်။ ဈေးကွက်လေ့လာဆန်းစစ်မှုတွေအရ iPhone ၊ …
Read More »