၁။ အဆုတ်တစ်ခုတည်းဖြင့် နေထိုင်နိုင်ခြင်း။ သင့်အနေနဲ့ အသက်ရှူနိုင်ဖို့ အနည်းဆုံး အဆုတ်တစ်ခုတော့လိုအပ်ပါတယ်။ လူတစ်ယောက်တွင် အဆုတ်နှစ်ခုပါရှိသည့်အနက် တစ်ခုကတော့ ကင်ဆာရောဂါကြောင့်ပဲဖြစ်စေ၊ အခြားအဆုတ်နဲ့သက်ဆိုင်တဲ့ ဝေဒနာတစ်ခုခုကြောင့် ဖယ်ထုတ်လိုက်ရသည်ပဲဖြစ်စေ အသက်ရှူတဲ့နေရာမှာ အခက်အခဲရှိနေနိုင်ပေမယ့်လည်း ကျန်တဲ့အဆုတ်တစ်ခုတည်းနဲ့ အသက်ရှင်နေထိုင်နိုင်ပါတယ်။ ၂။ အူမကြီး။ အူနဲ့သက်ဆိုင်တဲ့ ကင်ဆာရောဂါနဲ့ အခြားအူလမ်းကြောင်းနဲ့ သက်ဆိုုင်တဲ့ ရောဂါဝေဒနာတွေကြောင့် ကြီးမားတဲ့ ကိုယ်တွင်းအင်္ဂါကြီးဖြစ်တဲ့ အူမကြီးကို ဆရာဝန်များအနေနဲ့ ထုတ်ပစ်လေ့ရှိပါတယ်။ ခွဲစိတ်ဆရာဝန်တစ်ယောက်အနေနဲ့ အစာသိုလှောင်ထားနိုင်တဲ့ အိတ်ငယ်လေးကို စအိုပေါက်နဲ့ ချိတ်ဆက်ပေးပြီးနောက်မှာတော့ သင့်ရဲ့ကိုယ်တွင်းအညစ်အကြေးတွေကို ပုံမှန်လိုပဲ အခက်အခဲမရှိ စွန့်ပစ်နိုင်မှာဖြစ်ပါတယ်။ ၃။ မျိုးပွားအင်္ဂါများ။ မျိုးပွားအင်္ဂါတွေဆိုတာ သင့်ရဲ့အိမ်ထောင်ရေးဘဝ၊ အချစ်ရေးဘဝအတွက် အရေးပါဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ …
Read More »