Breaking News

Tag Archives: Tesla

အာကာသသို့ ခရီးထွက်နိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဦးဆုံး ဘီလျံနာသူဌေးကြီး။

ပြီးခဲ့တဲ့လအချို့က ဘီလျံနာသူဌေးကြီး Richard Branson ဟာ အာကာခရီးစဉ် သွားရောက်ခွင့်ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ သူူ့ရဲ့ဝန်ထမ်း (၅) ဦးနဲ့အတူ Virgin Galactic ဒုံးပျံယာဉ်နဲ့ ကမ္ဘာမြေပြင်အထက် မိုင် (၅၀) ကျော်ထိ ခရီးနှင်ခဲ့ပါတယ်။ Branson ဟာ Albuquerque ရဲ့ တောင်ဘက် မိုင် (၁၈၀) အကွာမှာရှိတဲ့ New Mexico အာကာသယာဉ်စခန်းဖြစ်တဲ့ Spaceport America ကနေ စံတော်ချိန် မနက်ခင်း ၈:၃၀ မှာ အာကာသဆီသို့ စတင်ထွက်ခွာခဲ့ခြင်းဖြစ်ပါတယ်။ မကြာသေးခင်အချိန်က အသက် (၇၁) နှစ်ပြည့်ခဲ့တဲ့ ဗြိတိန်စွန့်ဦးတီထွင်လုပ်ငန်းရှင် Branson ဟာ အာကာသယာဉ်မှူးတစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ပြီးနောက် “ဒါဟာ တစ်သက်တာအတွက် …

Read More »

Elon Musk ကို တရားစွဲလိုက်တဲ့ Twitter ရှယ်ယာရှင်များ။

Twitter စတော့ခ်ရှယ်ယာတွေကို ကိုယ်ကျိုးအတွက် ဈေးကစားခဲ့တယ်ဆိုပြီး Tesla CEO အီလွန်မတ်စ်ကို Twitter ရှယ်ယာရှင်များက တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ တရားစွဲဆိုမှုဟာ ဧပြီ ၂၅ ရက်နေ့က Twitter ဘုတ်အဖွဲ့နဲ့ အီလွန်မတ်စ်အကြား ကုမ္ပဏီအရောင်းအဝယ်သဘောတူညီချက်မှာ လက်မှတ်ထိုးပြီးနောက် အီလွန်မတ်စ်ရဲ့ လုပ်ရပ်ကို စွဲဆိုထားတာပါ။ “မတ်စ်ဟာ လုပ်ငန်းအရောင်းအဝယ်ကို သံသယဝင်လာစေမယ့် လုပ်ရပ်တွေ လုပ်တာအပြင် Tweets တွေ ပို့တာ ၊ ထုတ်ပြန်ချက်တွေလုပ်တာ စတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် Twitter စတော့ခ်ရှယ်ယာဟာ သိသိသာသာ ထိုးကျခဲ့ပြီး မတ်စ်ဘက်ကလည်း ရှယ်ယာဈေးကျတာကို အကြောင်းပြုပြီး ဝယ်ဖို့ပြောထားတဲ့ဈေးကို ပြန်ညှိဖို့ ဒါမှမဟုတ် အရောင်းအဝယ်ဖျက်ဖို့ လုပ်ဆောင်လာပါတယ်။ ” လို့ …

Read More »

၅၂၀ မိုင်အထိ တောက်လျှောက်မောင်းနှင်နိုင်တဲ့ လျှပ်စစ်ကားတွေရဲ့ စွမ်းဆောင်မှု။

မကြာသေးမီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီဟာ ဘက်ထရီအား အပြည့်သွင်းထားရင် (၅၂၀) မိုင်ခန့် မောင်းနှင်နိုင်မယ့် “Lucid Air Dream” လို့ အမည်ပေးထားတဲ့ လျှပ်စစ်ကားအမျိုးအစားအသစ်ကို တရားဝင်ကြေငြာပြီး အဆင့်သတ်မှတ်ပေးခဲ့ပါတယ်။ ဒါဟာ Tesla ရဲ့ Model S Long Range အပါအဝင် EPA က အဆင့်သတ်မှတ်ပေးထားတဲ့ ဘက်ထရီစွမ်းအားသုံး ကားတစ်စီးရဲ့ အကြာရှည်ဆုံး မောင်းနိုင်စွမ်းလို့ ဆိုလို့ရပါတယ်။ “Lucid Air Dream” ကို မောင်းနှင်ရာမှာ အချိန်အားဖြင့် ကြာရှည်ခံရုံတင်မဟုတ်ဘဲ အဆိုပါလျှပ်စစ်ကားကို အားအပြည့်သွင်းထားမယ်ဆိုရင် ဆီတိုင်ကီအပြည့် လောင်စာဆီထည့်ထားတဲ့ ကားတွေရဲ့ မောင်းနှင်နိုင်ချိန်ထက် ပိုမိုကြာရှည်တဲ့မိုင်နှုန်းနဲ့ သွားလိုရာခရီးကို အရောက်သွားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် …

Read More »

အမေရိကန်တွေကို ပြစ်တင်ပြောဆိုလိုက်တဲ့ အီလွန်မတ်စ်

Tesla နဲ့ SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်က နိုင်ငံသားတွေရဲ့ လုပ်အားကြောင့် တရုတ်နိုင်ငံဟာ အလွန်အားကောင်းတဲ့ ကုမ္ပဏီတချို့ ထွက်ပေါ်လာမယ်လို့ ချီးကျူးလိုက်ပါတယ်။ “အလွန်တော်သလောက် အလုပ်ကြိုးစားကြတဲ့ တရုတ်နိုင်ငံသားတွေအများကြီးပဲ။ ဒီလူတွေက ထုတ်လုပ်ရေးပိုင်းမှာ ယုံကြည်မှု ခိုင်မာကြသူတွေလည်း ဖြစ်တယ်။” လို့ Financial Times နဲ့ အင်တာဗျူးတစ်ခုမှာ အီလွန်မတ်စ်က ပြောကြားခဲ့ပါတယ်။ “ဒီလူတွေက (တရုတ်နိုင်ငံသားတွေ) သန်းခေါင်သန်းလွဲ မအိပ်မနေ ကြိုးစားတဲ့ အဆင့်တင် မဟုတ်ဘူး။ မနက် ၃ နာရီအထိတောင် အလုပ်လုပ်ချင်စိတ် ပြင်းပြနေတယ်ဆိုတဲ့ လူမျိုးတွေပါ။ စက်ရုံလို အလုပ်မျိုးမှာတောင် စွန့်ခွာခြင်း မရှိပါဘူး။ အမေရိကန်က လူတွေကတော့ အလုပ်ကိုသွားဖို့ပျင်းနေတာနဲ့ အလုပ်ပျက်ဖို့အတွက်လောက်ပဲ စဉ်းစားနေကြတယ်” လို့ …

Read More »

ဟိုက်ဒရိုဂျင်လောင်စာသုံး မော်တော်ယာဉ်ထုတ်လုပ်ရေးကို အာရုံစိုက်နေကြတဲ့ ကမ္ဘာ့ဇိမ်ခံကားကုမ္ပဏီကြီးများ။

ဘက်ထရီစွမ်းအင်စနစ်ဟာ အနာဂတ်ရဲ့ ကားထုတ်လုပ်ရေးကဏ္ဍမှာ အရေးပါဆုံးသော နည်းပညာဖြစ်လာနိုင်ချေ မြင့်မားနေပေမယ့် ဟိုက်ဒရိုဂျင်စွမ်းအင်စနစ်ကိုလည်း ထည့်မတွက်လို့ မရပါဘူး။ BMW နဲ့ Audi တို့လိုမျိုး အော်တိုမော်တော်ယာဉ်တွေကို အဓိကထားထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေဟာ ကားတစ်စီးဖန်တီးရာမှာ ဟိုက်ဒရိုဂျင်လောင်စာကို စတင်အခြေပြုလာကြပြီ ဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီတွေဟာ ဘက်ထရီကားတွေကို တီထွင်ထုပ်လုပ်နေကြပြီး ရုပ်ကြွင်းလောင်စာတွေကို စွန့်ပစ်ရာမှာ အလိုအပ်ဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဟိုက်ဒရိုဂျင်လောင်စာဆဲလ်တွေပါဝင်တဲ့ မော်တော်ယာဉ်တွေကို တီထွင်ထုတ်လုပ်နေကြပြီဖြစ်ပါတယ်။ ကားတွေကို သန့်ရှင်းစေချင်တာကြောင့် ဘက်ထရီစွမ်းအားသုံးပြီး မောင်းနှင်လို့ရအောင် တီထွင်ခဲ့တဲ့ Tesla ကုမ္ပဏီက ပုံဖော်ထားတဲ့စက်ဝန်းထဲမှာ အကယ်၍များ နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်လာမယ်ဆိုရင် ဟိုက်ဒရိုဂျင်အသုံးပြုမှု ချိန်ညှိခြင်းကပါ ပြောင်းလဲသွားနိုင်တာကို ချိန်ဆပြီး အဆိုပါကုမ္ပဏီတွေက ၄င်းတို့ရဲ့ အတွေးအမြင်အသစ်တွေကို ရရှိလာခဲ့တာဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ …

Read More »

ရည်းစားဟောင်းဖြစ်သူ Amber Heard ကိုယ်စား ဒေါ်လာငါးသိန်း လှူဒါန်းပေးခဲ့ဖူးတဲ့ ကမ္ဘာကျော်သူဌေးကြီး Elon Musk

Amber Heard ဟာ ခင်ပွန်းဟောင်း Johnny Depp ကို ကိုယ်ထိလက်ရောက်ကျူးလွန်တယ်လို့ လိမ်လည်စွပ်စွဲကာ လျော်ကြေးငွေတောင်းခံခဲ့ပြီး ထိုလျော်ကြေးငွေကို ကွာရှင်းပြီးတာနဲ့ အမေရိကန်အခြေစိုက် ပရဟိတအသင်းတစ်ခုဖြစ်တဲ့ American Civil Liberies Union (ACLU) ကို ကန်ဒေါ်လာ (၃.၅) သန်း၊ လော့စ်အိန်ဂျလစ်စ်မြို့က ကလေးဆေးရုံတစ်ခုကို ကန်ဒေါ်လာ ၃.၅ သန်းစသဖြင့် နှစ်နေရာခွဲပြီး လှူဒါန်းမယ်လို့ (၂၀၁၆) တုန်းက ကတိပေးခဲ့ပါတယ်။ သို့ပေမယ့် ဧပြီ(၂၈)ရက်နေ့ တရားခွင်အရ ACLU ဟာ ယနေ့အထိ ကန်ဒေါ်သာ (၁.၃) သန်း ကိုသာ အလှူငွေလက်ခံရရှိခဲ့တယ်လို့ အတည်ပြုခဲ့ပြီး အဆိုပါ ကန်ဒေါ်လာတစ်သန်းခွဲထဲမှာလည်း Twitter ကို ဝယ်ယူခဲ့တဲ့ …

Read More »

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro