အသက်အရွယ် အိုမင်းရင့်ရော်လာတာက လူတိုင်းကြုံတွေ့ရမယ့် အရာဖြစ်သလို ရှောင်လွှဲလို့မရတဲ့ ကိစ္စရပ်လည်းဖြစ်ပါတယ်။ ဒါပေမယ့် သင့်တော်မှန်ကန်တဲ့ အစားအစာကို ရွေးချယ်စားသုံးမယ်ဆိုရင်တော့ လှပတဲ့အသားအရေကို ပိုင်ဆိုင်ရရှိမှာဖြစ်ပြီး ရှိရင်းစွဲအသက်ထက် ပိုမိုအရွယ်တင် နုပျိုစေပါတယ်။ တချို့သော အစားအအစာတွေကတော့ ကိုယ့်ရဲ့မျက်နှာကို တင်းတင်းရင်းရင်းနဲ့ နုပျိုလှပေစပြီး အရေးအကြောင်းတွေ အလွယ်တကူဖြစ်မလာစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အရွယ်တင်နုပျိုလှပလိုသူတိုင်း စားသုံးသင့်တဲ့ အစားအစာတွေကို မျှဝေပေးချင်ပါတယ်။ ၁။ ထောပတ်သီး။ လူတော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ ထောပတ်သီးက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပေးစွမ်းနိုင်တဲ့အပြင် အရွယ်တင်နုပျိုစေဖို့လည်း ကူညီပေးပါတယ်။ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေ ပျက်စီးလာတာ၊ အသက်အရွယ်အရ အရေးအကြောင်းတွေ၊ အသားအရောင် မညီမညာဖြစ်တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ …
Read More »