Covid-19 ကူးစက်ရောဂါကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ လေးရက်ကြာ အလုပ်ရက်သတ္တပတ်အစီအစဉ်ဟာ အလုပ်ချိန်အတွင်း အလုပ်လုပ်နိုင်စွမ်းနဲ့ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးဖို့အတွက် ရည်ရွယ်ပြီး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်ကို နိုင်ငံရေးပါတီငယ်တစ်ခုကို ဦးဆောင်သူ Más País က စတင်ရေးဆွဲခဲ့တာဖြစ်ပြီး စပိန်အစိုးရက အဆိုပါအစီအစဉ်ကို လက်ခံခဲ့ပါတယ်။ Trade Union ညီလာခံအဖွဲ့အစည်းက ပြုလုပ်ခဲ့တဲ့ ၂၀၁၉ ခုနှစ် စစ်တမ်းအရ တိုတောင်းတဲ့ အလုပ်ရက်သတ္တပတ်ကို အသုံးပြုခြင်းက တိုင်းပြည်အတွက် ပိုမိုအကျိုးရှိကြောင်းကို သက်သေပြနေခဲ့ပါတယ်။ ဥပမာ – ဥရောပမှာ အတိုတောင်းဆုံးသော အလုပ်ရက်သတ္တပတ် ချမှတ်ထားတဲ့ ဒိန်းမတ်နိုင်ငံမှ ဝန်ထမ်းတွေရဲ့လုပ်နိုင်စွမ်းဟာ ဗြိတိန်နိုင်ငံတွေက ဝန်ထမ်းတွေရဲ့ လုပ်နိုင်စွမ်းတွေထက် ၁၃.၅% အကျိုးဖြစ်ထွန်းနေတာက …
Read More »ယောကျာ်းလေးဧည့်သည်တွေကို တည်းခိုခွင့်မပြုတဲ့ စပိန်နိုင်ငံက ဟိုတယ်။
စပိန်နိုင်ငံက Mallorca မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ Som Dona ဟိုတယ်ဟာဆိုရင် အမျိုးသားတွေကို လုံးဝတည်းခိုခွင့်မပြုဘဲ အသက် ၁၄နှစ်နှင့်အထက် အမျိုးသမီးများသာလာရောက် အပန်းဖြေအနားယူနိုင်ဖို့ ဖွင့်လှစ်ပေးလိုက်တာပဲဖြစ်ပါတယ်။ ဟိုတယ်ရဲ့လူမှုကွန်ရက်ဝဘ်ဆိုဒ်မှာတော့ ပင်ပန်းလှတဲ့ လူနေမှုဘဝကနေ ရုန်းထွက်ပြီး တစ်ကိုယ်တည်း အပန်းဖြေလိုတဲ့ အမျိုးသမီးများအတွက် အထူးရည်ရွယ်ကြောင်း ဆိုထားပါတယ်။ ဟိုတယ်အတွင်းမှာ အခန်း ၃၉ ခန်းရှိပြီး ရေကူးကန် ၊ ဘားနဲ့ အမျိုးသမီးများကြိုက်နှစ်သက်စေမယ့် လဲလျောင်းအနားယူစရာနေရာတွေကိုလည်း ထည့်သွင်းပြင်ဆင်ထားပေးပါတယ်။ ဟိုတယ်အခန်းတွေက အဆင့်မြင့်ဇိမ်ခံပစ္စည်းများဖြင့် ဖွဲ့စည်းပြုလုပ်ထားပြီး အခန်းထဲကနေ သမုဒ္ဒရာကို မြင်နိုင်တဲ့ မြင်ကွင်းမျိုးဖန်တီးပေးထားပါတယ်။ အပြင်ကိုမထွက်ဘဲ ဟိုတယ်ထဲမှာပဲ နားနေလိုတဲ့ အမျိုးသမီးများအတွက် ခန္ဓာကိုယ်အလှအပရေးရာနဲ့ဆိုင်တဲ့ အနှိပ်ခန်း ၊ ချွေးထုတ်ခန်းတွေလည်း ရှိပါတယ်။ ထူးခြားတဲ့အချက်ကတော့ …
Read More »ခရီးသွားရတာကို ကြိုက်နှစ်သက်သူတွေအတွက် သွားရာက်လည်ပတ်သင့်တဲ့ နေရာကောင်းများ။
၁။ Tokyo, Japan တိုကျိုမြို့ဟာဆိုရင် သွားရောက်လည်ပတ်သင့်တဲ့ နေရာကောင်းများစာရင်းတွင် ထိပ်ဆုံးနေရာက ပါဝင်လာခဲ့ပါတယ်။ နည်းပညာဖွံ့ဖြိုးတိုးတက်တဲ့မြို့တစ်မြို့ဖြစ်ရုံသာမက မှန်လုံမိုးမျှော်တိုက်ကြီးတွေ၊ ခေတ်မီတိုးတက်တဲ့ စက်ရုပ်ပြပွဲအခမ်းအနားတွေ၊ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ညရှုခင်းအလှတွေ၊ ဂျပန်လူမျိုးတို့ရဲ့ ရိုးရာအစားအစာဖြစ်တဲ့ ဆူရှီ၊ စိတ်ငြိမ်ပြီး အပန်းဖြေချင်စဖွယ်ကောင်းတဲ့ ပန်းခြံတွေနဲ့ ဆန်ဆိုဂျီဘုရားကျောင်းတော်ကြီးဟာလည်း တိုကျိုမြို့ကို အဓိကသွားရောက်လည်ပတ်စေချင်တဲ့ အကြောင်းရင်းပဲဖြစ်ပါတယ်။ ၂။ Yellowstone National Park, United States တကယ်လို့သင်ဟာ တောရိုင်းတိရိစ္ဆာန်တွေရဲ့ ကျင်လည်ကျက်စားပုံတွေ၊ သဘာဝအတိုင်း လှပနေတဲ့ ရှုခင်းတွေကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ Yellowstone အမျိုးသားဥယျာဉ်ကို ရွေးချယ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ ၃။ Genghis Khan Equestrian Statue, Mongolia ဂျင်ဂစ်ခန်းကို …
Read More »