Breaking News

Tag Archives: Som Dona Hotel

ယောကျာ်းလေးဧည့်သည်တွေကို တည်းခိုခွင့်မပြုတဲ့ စပိန်နိုင်ငံက ဟိုတယ်။

စပိန်နိုင်ငံက Mallorca မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ Som Dona ဟိုတယ်ဟာဆိုရင် အမျိုးသားတွေကို လုံးဝတည်းခိုခွင့်မပြုဘဲ အသက် ၁၄နှစ်နှင့်အထက် အမျိုးသမီးများသာလာရောက် အပန်းဖြေအနားယူနိုင်ဖို့ ဖွင့်လှစ်ပေးလိုက်တာပဲဖြစ်ပါတယ်။ ဟိုတယ်ရဲ့လူမှုကွန်ရက်ဝဘ်ဆိုဒ်မှာတော့ ပင်ပန်းလှတဲ့ လူနေမှုဘဝကနေ ရုန်းထွက်ပြီး တစ်ကိုယ်တည်း အပန်းဖြေလိုတဲ့ အမျိုးသမီးများအတွက် အထူးရည်ရွယ်ကြောင်း ဆိုထားပါတယ်။ ဟိုတယ်အတွင်းမှာ အခန်း ၃၉ ခန်းရှိပြီး ရေကူးကန် ၊ ဘားနဲ့ အမျိုးသမီးများကြိုက်နှစ်သက်စေမယ့် လဲလျောင်းအနားယူစရာနေရာတွေကိုလည်း ထည့်သွင်းပြင်ဆင်ထားပေးပါတယ်။ ဟိုတယ်အခန်းတွေက အဆင့်မြင့်ဇိမ်ခံပစ္စည်းများဖြင့် ဖွဲ့စည်းပြုလုပ်ထားပြီး အခန်းထဲကနေ သမုဒ္ဒရာကို မြင်နိုင်တဲ့ မြင်ကွင်းမျိုးဖန်တီးပေးထားပါတယ်။ အပြင်ကိုမထွက်ဘဲ ဟိုတယ်ထဲမှာပဲ နားနေလိုတဲ့ အမျိုးသမီးများအတွက် ခန္ဓာကိုယ်အလှအပရေးရာနဲ့ဆိုင်တဲ့ အနှိပ်ခန်း ၊ ချွေးထုတ်ခန်းတွေလည်း ရှိပါတယ်။ ထူးခြားတဲ့အချက်ကတော့ …

Read More »

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro