အာလူးကြော်တွေ ၊ ပြောင်းဖူးပေါက်ပေါက်တွေ ဒါမှမဟုတ် ကိုယ်ကြိုက်နှစ်သက်တဲ့ အသား ၊ ငါးဟင်းတွေကို အငန်ဓါတ်မပါဘဲ စားမယ်ဆိုရင် တစ်ခုခုလိုနေသလို ခံစားရလေ့ရှိပါတယ်။ သေချာတာကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအစာတွေမှာ ဆားပါဝင်နေခြင်းက အရသာကို ပိုမိုကောင်းမွန်စေပေမယ့် ဆားကို လိုတာထက်ပိုပြီး သုံးစွဲမယ်ဆိုရင်တော့ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ အမှန်တကယ်မှာတော့ ကျွမ်းကျင်ပညာရှင်တွေက လူတစ်ဦးအနေနဲ့ ဆား(ဆိုဒီယမ်) ကို လွန်ကဲစွာ စားသုံးရာကနေ နှလုံးရောဂါ ၊ အစာအိမ်ကင်ဆာနဲ့ အချိန်မတန်မီ သေဆုံးခြင်းတွေလိုမျိုး ပြင်းထန်တဲ့ ဝေဒနာတွေကို ကြုံတွေ့ရနိုင်တယ်လို့ အမြဲလိုလို သတိပေးလေ့ရှိပါတယ်။ ဆားကို အလွန်အကျွံစားသုံးခြင်းဟာ ရေတိုအကျိုးသက်ရောက်မှုဖြစ်တဲ့ ရေဓါတ်အများအပြား လိုအပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ လူကြိုက်များတဲ့ သိပ္ပံပညာဆိုင်ရာ ဆောင်းပါးတစ်ခုမှာတော့ …
Read More »