ရည်းစားဟောင်းဆိုတာ မုန်းဖို့၊ မေ့ဖို့ခက်တဲ့အမျိုးလို့ဆိုရရင် မမှားပါဘူး။ သူနဲ့ဖြတ်သန်းခဲ့ဖူးတဲ့ အမှတ်တရနေ့ရက်တွေ၊ အတူသွားခဲ့ဖူးတဲ့နေရာတွေ၊ အတူစားသောက်ခဲ့ဖူးတဲ့ အစားအသောက်တွေ၊ အတူမျှဝေပိုင်ဆိုင်ခဲ့ဖူးတဲ့ အမှတ်တရတွေက တစ်ချိန်မဟုတ်တစ်ချိန် တိုက်တိုက်ဆိုင်ဆိုင်နဲ့ အတွေးထဲ ဝင်လာစမြဲပါ။ အဲ့ဒီလိုဝင်လာပြီဆိုတာနဲ့ စဉ်းစားခန်းဖွင့်၊ အတွေးနယ်ချဲ့ရင်း ဝမ်းနည်းပူဆွေးနေတာလား? ရင်ဘတ်ထဲဟာတာတာကြီးဖြစ်နေသလားဆိုတာကိုတောင် မသဲကွဲနိုင်တဲ့ ခံစားမှုမျိုးကို ခံစားရပါလိမ့်မယ်။ အထူးသဖြင့် ပြတ်စဲပြီးသိပ်မကြာသေးတဲ့အချိန်ကာလမျိုးမှာ ပိုဆိုးနိုင်ပါတယ်။ ဒီလိုမျိုးရည်းစားဟောင်းအကြောင်းကို တွေးတောရင်း ကြေကွဲနေတာက ကောင်းတဲ့အရာမဟုတ်ပါဘူး။ ကျကွဲသွားတဲ့ဖန်ခွက်ကို အကောင်းတိုင်းပြန်ဆက်လို့မရတော့သလို ပြတ်စဲပြီးဖြစ်သွားတဲ့ သံယောစဉ်ကြိုးကို နောက်တစ်ကြိမ်ပြန်လည်ချည်နှောင်လည်း ခိုင်မြဲမှုမရှိတော့ပါဘူး။ အဲ့ဒါကြောင့် ဒီလိုမျိုး အကျိုးမရှိတဲ့အရာတွေကို မတွေးမိအောင်နေထိုင်နိုင်မည့် နည်းလမ်းများကို Soshwe ရဲ့ ပရိသတ်များအတွက် မျှဝေပေးချင်ပါတယ်။ ၁။ အလုပ်များအောင်နေထိုင်ပါ။ သင့်ရဲ့တစ်နေတာအတွက် ပုံမှန်ပြုလုပ်နေကျ …
Read More »