ပြီးခဲ့တဲ့လအချို့က SpaceX ကုမ္ပဏီတည်ထောင်သူ Elon Musk ဟာ မားစ်ဂြိုဟ်ပေါ်ကို တင်လွှတ်မယ့် အာကာသဒုံးပျံယာဉ်ကို တည်ဆောက်ပြီးသွားပြီဖြစ်ကြောင်းနဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဆိုပါ အာကာသဒုံးပျံယာဉ်ကို အသုံးပြုပြီး မားစ်ဂြိုဟ်ကို သိမ်းပိုက်အုပ်ချုပ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုခဲ့ပါတယ်။ အခုလက်ရှိ တည်ဆောက်ထားတဲ့ အာကာသဒုံးပျံယာဉ်ရဲ့ ရှေ့ပြေးပုံစံက အပြည့်အဝ မပြည့်စုံသေးဘူးလို့လည်း သိရပါတယ်။ အာကာသဒုံးပျံယာဉ်ကို သတ္တုနဲ့တည်ဆောက်ထားပြီး ယာဉ်ရဲ့ပုံသဏ္ဍာန်ကတော့ ဒုလုံးရှည်ပုံစံမျိုးပဲဖြစ်ကာ အဆိုပါအာကာသဒုံးပျံယာဉ်ကို Boca Chica ဒေသက Texas ကမ်းရိုးတန်းမှာ SpaceX ကုမ္ပဏီအဖွဲ့သားတွေက ရက်သတ္တပတ်အနည်းငယ်အတွင်း တည်ဆောက်ခဲ့တယ်လို့လည်း သိရပါတယ်။ မားစ်ဂြိုဟ်ပေါ်ကို တင်လွှတ်မယ့် အာကာသဒုံးပျံယာဉ်ဟာ ပုံမှန်ဒုံးပျံယာဉ်တွေထက် အရွယ်အစားသေးပြီး ကျစ်လစ်ပေါ့ပါးတယ်လို့ SpaceX ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက …
Read More »