Breaking News

Tag Archives: Russia

ရုရှားနိုင်ငံသမ္မတ Vladimir Putin ရဲ့ တိတ်တဆိတ်ချစ်ဇာတ်လမ်း။

ရရှားကိုယ်ပျော့အလှမယ် Alina Kabaeva ဟာ ၂၀၀၀ ခုနှစ် Sydney အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကြေးတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ကာ နောက်ထပ် ၄ နှစ်ဆက်တိုက် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့တာကြောင့် လူသိများကျော်ကြားတဲ့ အားကစားမယ်တစ်ဦးအဖြစ် ကမ္ဘာတစ်ဝှမ်းက သတိထားမိလာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ရရှားပါလီမန်အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း ထမ်းဆောင်ခဲ့ပါသေးတယ်။ Vladimir Putin နဲ့ Alina Kabaeva တို့နှစ်ဦးကြားက အချစ်ဇာတ်လမ်းဟာ ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့တယ်လို့ ကောလဟာလတွေထွက်ရှိလာခဲ့ပါတယ်။ Mr Putin ဟာ ၂၀၁၄ ခုနှစ်မှာ ဇနီးဖြစ်သူ Lyudmila နဲ့ ကွာရှင်းပြတ်စဲပြီးနောက်မှာတော့ ရရှားအားကစားမယ် Alina …

Read More »

ဗုံး ၂၅၀ ကျော်ကို ရှာဖွေနိုင်ခဲ့လို့ ယူကရိန်းသမ္မတရဲ့ ချီးမြှင့်ခြင်းကိုခံခဲ့ရတဲ့ သူရဲကောင်းခွေးလေး။

ရုရှား-ယူကရိန်းစစ်ပွဲဟာ အချိန်ပိုကြာမြင့်လာခဲ့ပြီး ကြေကွဲဆုံးရှုံးစရာတွေများစွာကို ကြုံတွေ့နေကြရပါတယ်။ ဒါပေမယ့် ဒီမုန်တိုင်းတိမ်တိုက်တွေကနေတစ်ဆင့် အလင်းတန်းတစ်ချို့ ထွန်းလင်းနေတာကို တွေ့မြင်ကြရမှာပါ။Patron လို့ အမည်ရတဲ့ခွေးလေးဟာ အနီးအနားမှာရှိတဲ့ ဗုံးနဲ့ခဲယမ်းမီးကျောက် (၂၀၀) ကျော်ကို ရှာဖွေရာမှာ ကြီးမားတဲ့အကူအညီ ဖြစ်ခဲ့တာကြောင့် ယူကရိန်းသမ္မတ Volodymyr Zelensky က ပေးအပ်ချီးမြှင့်တဲ့ဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ခွေးလေးဟာ သူ့ရဲ့နှာခေါင်းသေးသေးလေးတွေနဲ့ မရေမတွက်နိုင်တဲ့ အသက်တွေကို ကယ်တင်နိုင်ခဲ့တာကြောင့် အားလုံးရဲ့အာရုံစိုက်မှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားကို သမ္မတကဦးဆောင်ခဲ့ပြီး သူတို့နှစ်ဦးစလုံးကို ချီးကျူးဂုဏ်ပြုပေးခဲ့တာပါ။ “ဒီနေ့ မိုင်းတွင်းမြေကို ရှင်းလင်းခဲ့တဲ့ သူရဲကောင်းတွေကို ဆုချီးမြှင့်ချင်ပါတယ်။ ပြီးတော့ မိုင်းအန္တရာယ်ရှိတဲ့နေရာတွေမှာ ဖောက်ခွဲရေးပစ္စည်းတွေကို ပျက်ပြယ်စေရုံမက မိုင်းအန္တရာယ်ရှိတဲ့ဒေသတွေမှာပါ လိုအပ်တဲ့ ဘေးကင်းစည်းမျည်းတွေကို ကလေးတွေကို သင်ကြားပေးတဲ့ အံ့သြစရာ …

Read More »

အသက်ရှင်နေထိုင်ဖို့ အချိန်အနည်းငယ်သာ ကျန်တော့တဲ့ ပူတင်။

ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ရဲ့ ကျန်းမာရေးအခြေအနေဟာ ဆိုးရွားလာကြောင်း ဆုပေးပွဲအခမ်းအနားတစ်ခုက ပုံရိပ်တွေက ထောက်ပြနေပါတယ်။ ရုရှားဖယ်ဒရေးရှင်းရဲ့ နိုင်ငံတော်ဆုရရှိသူတစ်ဦးရဲ့ ဘေးနားမှာ ရပ်နေတဲ့ ပူတင်ဟာ ဓာတ်ပုံရိုက်ခံနေစဉ်အတွင်းမှာ သိသိသာသာ တုန်လှုပ်နေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ရုရှားမှ ယူကရိန်းကို စတင်ကျူးကျော်ပြီးနောက်ပိုင်း ရုရှားခေါင်းဆောင်ပူတင်ရဲ့ ကျန်းမာရေးအခြေအနေအပေါ် ဝေဖန်ပြောဆိုမှုများ မြင့်တက်လာခဲ့ပါတယ်။ ဆုပေးပွဲအခမ်းအနားအတွင်း ရုပ်ရှင်ဖန်တီးသူ Nikita Mikhalkov က အနုပညာဆု လက်ခံယူနေချိန်မှာ ပူတင်ရဲ့ ခြေထောက်က တုန်ရီနေခဲ့တာပဲဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခုမှာ ပူတင်ဟာ စင်မြင့်ပေါ်မှာ ရပ်နေတာဖြစ်တာကြောင့် သူတုန်ရီနေတာက ထင်ရှားနေပြီး နောက်ဘက်ကို လှမ်းလှမ်းသွားတာကိုလည်း တွေ့ရတဲ့အပြင် ဘေးချင်းကပ်လှုပ်ရှားမှုပြုလုပ်ပြီးတော့ ခြေထောက်တွေ လှုပ်ယမ်းမိနေတာကိုပါ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ …

Read More »

မီးလောင်ရာ လေပင့်တဲ့လုပ်ရပ်တွေမလုပ်ဖို့ အမေရိကန်ကို ခြိမ်းခြောက်လိုက်တဲ့ ရုရှား။

ယူကရိန်းကို တာဝေးပစ် အဆင့်မြင့်ဒုံးလက်နက်တွေ ထောက်ပံ့ပေးမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာခဲ့ပြီးနောက်မှာပဲ အမေရိကန်ဟာ ရုရှား-ယူကရိန်းစစ်ပွဲကို ရှည်ကြာအောင် ပြုလုပ်နေတယ်လို့  ရုရှားက စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဒီလိုခေတ်မီလက်နက်တွေကို ယူကရိန်းဆီ ပို့ဆောင်ပေးနေခြင်းက ရည်ရွယ်ချက်ရှိရှိနဲ့ မီးထဲကို လောင်စာဆီထည့်တဲ့လုပ်ရပ်မျိုးဖြစ်ကြောင်း ရုရှားရဲ့ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကပြောကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ လက်နက်ပံ့ပိုးမှုတွေဟာ ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး စေ့စပ်ညှိနှိုင်းမှုတွေ ပြန်စဖို့လုပ်နေတဲ့ ယူကရိန်းခေါင်းဆောင်တွေရဲ့ လိုလားမှုကို အထောက်အကူမဖြစ်စေဘူးလို့ Peskov က ဆိုပါတယ်။ ဂျာမန်အစိုးရကလည်း ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေးစနစ် ပံ့ပိုးပေးမယ်လို့ ကတိကဝတ်ပြုထားပြီး ဂျာမန်အစိုးရ ပံ့ပိုးမယ့် IRIS-T လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ ယူကရိန်းတစ်မြို့လုံးကို ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုမှ ခုခံကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။ ယူကရိန်းကို အမေရိကန်က …

Read More »

ရုရှားနိုင်ငံမှာ တရားစွဲခံထားရတဲ့ ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီး။

ရုရှားဥပဒေရုံးတစ်ရုံးက Apple ကို ရုရှားငွေပေးငွေချေဈေးကွက်ကနေ ထွက်ခွာမှုကြောင့် စားသုံးသူနစ်နာမှုအတွက် ရူဘယ်သန်း ၉၀ (ဒေါ်လာ ၁.၂၈ သန်း) ရလိုကြောင်းနဲ့ တရားစွဲခဲ့ပါတယ်။ မော်စကိုအခြေစိုက် Chernyshov , Lukoyanov And Partners ဥပဒေရုံးတစ်ရုံးကနေ ပြီးခဲ့တဲ့ရက်အချို့က Apple ကို စားသုံးသူအခွင့်အရေးချိုးဖောက်မှုကြောင့် တရားစွဲလိုက်တာလို့ Business Insider သတင်းက ဖော်ပြခဲ့ပါတယ်။ ရုရှားဈေးကွက်မှာ Apple Pay ငွေပေးချေရေးဝန်ဆောင်မှုကို အသုံးပြု၍မရအောင် ကန့်သတ်လိုက်ခြင်းအပေါ် ရုရှားဘက်က တရားစွဲဆိုနာလည်း ဖြစ်ပါတယ်။ မော်စကိုတရားရုံးမှာ စွဲဆိုထားတဲ့အမှုမှာ တရားစွဲဆိုသူဘက်က Apple ကြောင့် စိတ်ထိခိုက်ခံစားရမှုအပါအဝင် နစ်နာထိခိုက်မှုတွေအတွက် လျော်ကြေးရလိုကြောင်း ဖော်ပြထားပါတယ်။ တရားလိုရဲ့ အဆိုအရ ဝန်ဆောင်မှုတွေ …

Read More »

တရုတ်ရန်ကနေ ကာကွယ်ဖို့ ခြေလှမ်းကြီးကြီးလှမ်းလိုက်တဲ့ ဂျပန်။

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ GDP တတိယအကြီးဆုံးနိုင်ငံဖြစ်သလို နိုင်ငံရဲ့ GDP ၂ ရာခိုင်နှုန်းခန့်ကို စစ်ရေးအတွက် သုံးစွဲမယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ တတိယ စစ်အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ် သုံးစွဲမှုက ကမ္ဘာပေါ်မှာ အဆင့် ၉ အထိရှိပါတယ်။ ဂျပန်ဟာ နိုင်ငံရဲ့ ဒေသတွင်း လုံခြုံမှုနဲ့အတူ ရုရှားရဲ့စစ်ပွဲကြောင့် စိုးရိမ်ပူပန်မှုတွေ ကြီးထွားလာကာ နိုင်ငံရဲ့ GDP ၁ ရာခိုင်နှုန်းကိုသာ ကာကွယ်ရေးစရိတ်အဖြစ် အသုံးပြုမယ်ဆိုတဲ့ စစ်ပြီးခေတ်ကာလက ထားရှိခဲ့တဲ့ ကတိကဝတ်ကို ဖျက်သိမ်းလိုက်ပါတယ်။ တိုကျိုမြို့၊ Keio တက္ကသိုလ်ရဲ့ မူဝါဒစီမံခန့်ခွဲမှု လက်ထောက်ပါမောက္ခ Michito Tusuruoka က ဂျပန်ဝန်ကြီးချုပ် Fumio …

Read More »

ရုရှားမှာ ဒေဝါလီခံဖို့ပြင်ဆင်နေတဲ့ ပထမဦးဆုံး နည်းပညာကုမ္ပဏီကြီးတစ်ခု။

ရုရှားမှာရှိတဲ့ Google ရဲ့ ဘဏ်အကောင့်တွေကို အစိုးရအာဏာပိုင်တွေ သိမ်းဆည်းသွားပြီးနောက် Google ရုရှားရုံးခွဲ ဒေဝါလီခံဖို့ ပြင်ဆင်နေတယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီသတင်းမှာပဲ လုပ်ငန်းဘဏ်အကောင့်တွေကို ရုရှားအာဏာပိုင်တွေ သိမ်းဆည်းသွားပြီးနောက် ဝန်ထမ်းနဲ့ကုန်သည်တွေကို ငွေပေးချေနိုင်တော့ခြင်းမရှိတော့ဘူးလို့ ဖော်ပြထားပါတယ်။ Google ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ လုပ်ငန်းစာရင်း ဖျက်သိမ်းမှာဖြစ်ပေမယ့် Search Engine ရှာဖွေရေးလုပ်ငန်းနဲ့ YouTube အပါအဝင် အခမဲ့ဝန်ဆောင်မှုတွေကိုတော့ ဆက်လက်လည်ပတ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ “ရုရှားအာဏာပိုင်တွေရဲ့ Google Russia ဘဏ်အကောင့်သိမ်းဆည်းမှုကြောင့် ကျွန်တော်တို့ရဲ့ ရုံးလုပ်ငန်းလည်ပတ်မှုကို ဆက်လက်ထိန်းထားနိုင်ခြင်း မရှိတော့ပါဘူး။ ရုရှားဝန်ထမ်းတွေကို လစာပေးဖို့ ပစ္စည်းသွင်းတဲ့ Suppliers နဲ့ ကုန်သည်တွေကို ငွေပေးချေဖို့အပါအဝင် တခြားဘဏ္ဍာရေးလုပ်ထုံးတွေလည်း …

Read More »

ဟက်ခ်ခံထားရတဲ့ ကမ္ဘာ့လူသုံးအများဆုံး Browser Google Chrome

ကမ္ဘာပေါ်မှာလူသုံးအများဆုံး Browser တွေထဲကတစ်ခုဖြစ်တဲ့ Chrome ကိုဟက်ခ်ကာတွေက ဟက်ခ်လိုက်နိုင်ပြီဖြစ်ကြောင်း Google ကအသိပေးလိုက်ပါတယ်။ လုံခြုံရေးအားနည်းချက် အချက် ၃၀ ကို ချပြခဲ့ပြီး အဲ့ထဲက ၇ ချက်ဟာ အသုံးပြုသူတွေအတွက် အရမ်းအန္တရာယ်ရှိနိုင်ပါတယ်တဲ့။ မကြာခင်ရက်အနည်းငယ်မှာ Google ဟာ Bug တချို့ကို ပြင်ဆင်ပေးမယ့် Update တစ်ခု ထုတ်ပေးခဲ့ပြီး ဟက်ခ်ခံရလို့ဖြစ်လာတဲ့ Error တွေကိုလည်း ပြင်ဆင်ပေးမယ်လို့ သိရပါတယ်။ ဘယ်အဖွဲ့အစည်းက ဟက်ခ်လဲဆိုတာကို မသိရသေးပဲ ဟက်ခ်ခံရတဲ့အသေးစိတ်အကြောင်းအရာတွေကိုလည်း Google က ထုတ်ပြန်ထားခြင်း မရှိပါဘူး။ ဟက်ခ်ခံထားရတဲ့အကျိုးဆက်ကြောင့် Chrome အသုံးပြုသူတွေဟာ တချို့ Error တွေကို ကြုံတွေ့ရမှာဖြစ်ပါတယ်။ Update ပေးတဲ့အချိန်ကျရင်တော့ အင်တာနက်ကွန်နက်ရှင် …

Read More »

Hollywood ဇာတ်လမ်းတိုင်းလိုလိုမှာ ပုံမှန်မြင်တွေ့ရမည့်ပုံရိပ်များ။

ကမ္ဘာနဲ့ချီပြီး နာမည်ကျော်ကြားသည့် Hollywood ဇာတ်ကားတွေမှာ ပရိသတ်တွေ အမြဲတမ်း ပုံမှန်မြင်တွေ့နေကျ ဇာတ်ဝင်ခန်းများရှိမှာ သေချာပါတယ်။ အချို့သောပရိသတ်တွေဟာဆိုရင် Hollywood ဇာတ်ကားများကို ကြည့်ရှုရင်း နိုင်ငံအများအပြားရဲ့ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ အထင်ကရမြင်ကွင်းများကို စွဲစွဲမြဲမြဲမှတ်မိနေတတ်ကြပါတယ်။ အခုတစ်ခေါက်မှာလည်း Soshwe ရဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ အမြဲတမ်း သတိထားမိပြီး မြင်တွေ့နေကျဇာတ်အိမ်များကို ဖော်ပြပေးလိုက်ရပါတယ်။   ၁။ အရှေ့တောင်အာရှဒေသများ၌ ရိုက်ကူးသည့် အက်ရှင်ဇာတ်ဝင်ခန်းများ၌ လူစွမ်းကောင်းနဲ့ လူဆိုးများက သစ်သီးခြင်းများ၊ စျေးသည်များကို အမြဲလိုလိုဝင်တိုက်ရင်း ပြေးလွှားလေ့ရှိပါတယ်။   ၂။ ဘရာဇီးနိုင်ငံ၌ Carnival ပွဲတော်ကို တစ်နှစ်ပတ်လုံးကျင်းပနေပြီး အဓိကသရုပ်ဆောင်မှာလည်း ဘရာဇီးပင် ဖြစ်ပါတယ်။   ၃။ ဗဟိုအမေရိကအခြေပြုဇာတ်လမ်းများ၌ လူတိုင်းက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားကြပြီး …

Read More »

မတ်ခ်ဇူကာဘတ်ကို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တဲ့ ရုရှားအစိုးရ။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ အမေရိကန်ဒုသမ္မတ ကာမယ်လာဟာရစ်နဲ့ Meta အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်အပါအဝင် အမေရိကန် ၂၉ ဦးကို နိုင်ငံအတွင်းဝင်ရောက်ခွင့် အပြီးတိုင်ပိတ်ပင်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်အစိုးရရဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဒုသမ္မတ ကာမယ်လာဟာရစ် ၊ Washington Post ဆောင်းပါးရှင် ဒေးဗစ်အိုက်ဂနေးသီးယပ်စ်နဲ့ Meta အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်အပါအဝင် အမေရိကန် ၃၀ နီးပါးကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တာလို့ ဆိုပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ရုရှားမုန်းတီးရေး ဝါဒဖြန့်မှု လုပ်ဆောင်ခဲ့တာကြောင့် အမေရိကန် ၂၉ ဦးကို ပိတ်ဆို့အရေးယူတာလို့ ဖော်ပြထားပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တဲ့ စာရင်းမှာ အမေရိကန်ဒုသမ္မတ ဟာရစ်ရဲ့ ခင်ပွန်း …

Read More »

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro