Breaking News

Tag Archives: Ronaldo

ရော်နယ်ဒိုရဲ့အနာဂတ်အတွက် လူသိရှင်ကြားဖွင့်ပြောလာတဲ့ Sporting ဘောလုံးဒါရိုက်တာ။

ရော်နယ်ဒိုရဲ့ ငယ်ဘဝအသင်းဖြစ်တဲ့ စပို့တင်းလစ္စဘွန်းဒါရိုက်တာ ဟူဂိုဗီယာနာက ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ဘယ်သူမှကြိုမသိနိုင်တဲ့အကြောင်း ပြောကြားလာပါတယ်။ စပို့တင်းလစ္စဘွန်းအသင်းအနေနဲ့ ရော်နယ်ဒိုသာ ယူနိုက်တက်ကနေ ထွက်ခွာမယ်ဆိုရင် ကမ်းလှမ်းဖို့ ပြင်ဆင်ထားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ လာမယ့်ရာသီတရာသီစာအတွက် စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေအပေါ် ရော်နယ်ဒိုက ကျေနပ်အားရမှုမရှိဘဲ အသင်းကနေထွက်ခွာဖို့ စဉ်းစားနေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ ရော်နယ်ဒိုနဲ့ပတ်သက်လို့ ဗီယာနာက “ရော်နယ်ဒို စပို့တင်းလစ္စဘွန်းကို ပြန်လာဖို့က အခုချိန်မှာဖြစ်နိုင်တယ်လို့ ကျနော်မထင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ကြိုသိနိုင်တာ ဘာများရှိလို့လဲ။ ရော်နယ်ဒိုက သူဘယ်အသင်းကို သွားမယ်ဆိုတာ သူကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်းရှိတာပဲလေ။ အနာဂတ်ကို ဘယ်သူမှကြိုမသိပါဘူး” “ဒီအကြောင်းကို ကျနော်အများကြီး …

Read More »

ရော်နယ်ဒိုနဲ့ မော်ရင်ဟိုကို ပြန်လည်ဆုံဆည်းပေးဖို့ ကြိုးစားနေတဲ့ ရိုးမား။

အီတလီသတင်းဌာန Retesport က ရိုးမားအသင်းဟာ ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ယူနိုက်တက်ရဲ့ ကစားသမားသစ်ခေါ်ယူနိုင်ဖို့ ကြန့်ကြာနေမှုတွေအပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ရော်နယ်ဒိုတယောက် အသင်းကထွက်မယ်လို့ သတင်းတွေထွက်လာချိန်မှာ ရိုးမားဘက်က လှုပ်ရှားလာခဲ့တာ ဖြစ်ပါတယ်။ ရိုးမားနောက်ခံလူဟောင်းတဦးဖြစ်တဲ့ ဖေဘီယိုပီထရူဇီက ရိုးမားအသင်းရဲ့ ရိုနယ်ဒိုကို ခေါ်ယူနိုင်မယ့်နည်းလမ်းတွေနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို သူရရှိထားတယ်ဆိုပြီး Retesport ကို ပြောကြားခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒိုနဲ့ မော်ရင်ဟိုတို့ နောက်တကြိမ်လက်တွဲတာကို ပြန်လည်မြင်တွေ့နိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးက ရီးရဲလ်မက်ဒရစ်မှာ လက်တွဲခဲ့သူတွေဖြစ်ပြီး ပေါ်တူဂီသားအချင်းချင်းဖြစ်တာကြောင့် အဆင်ပြေခဲ့ကြပါတယ်။ ရော်နယ်ဒိုအနေနဲ့လည်း ဂျူဗီနဲ့အတူ စီးရီးအေမှာ ကစားခဲ့ဖူးလို့ ရိုးမားကို ပြောင်းရွှေ့မယ်ဆိုလည်း ၎င်းအတွက် အခက်အခဲရှိမှာမဟုတ်ဘဲ …

Read More »

ရော်နယ်ဒိုကိုခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ ချယ်ဆီးအသင်းပိုင်ရှင်အသစ်။

ချယ်လ်ဆီးအသင်းပိုင်ရှင်အသစ် တော့ဒ်ဘိုလေဟာ ရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နဲ့ တွေ့ဆုံခဲ့ပြီး ရော်နယ်ဒိုကို ခေါ်ယူနိုင်ခြင်းရှိ၊ မရှိဆိုတာကို ဆွေးနွေးခဲ့တယ်လို့ အင်္ဂလန်မီဒီယာအများအပြားက ဖော်ပြခဲ့ကြပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုရဲ့ လက်ရှိအခြေအနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့နိုင်ဖို့ စိတ်ကူးက ၎င်းတို့ဆွေးနွေးမှုရဲ့ အဓိကအကြောင်းအရာလို့ ဆိုပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တနှစ်သာကျန်ရှိတော့ပေမယ့် ကလပ်အသင်းကတော့ သူ့ကိုထိန်းသိမ်းထားဖို့ကို ပြတ်ပြတ်သားသားဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေအပေါ် ရော်နယ်ဒိုတယောက် စိတ်ပျက်နေပြီဆိုတဲ့သတင်းတွေ ထွက်လာခဲ့တဲ့နောက်မှာ ပေါ်တူဂီသားရဲ့ အနာဂတ်ကလည်း လှုပ်ခတ်လာပါတယ်။ ဘိုင်ယန်မြူးနစ်ကလည်း ရော်နယ်ဒိုကို စိတ်ဝင်စားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ဂျာမနီကလပ်ကတော့ ငြင်းဆန်မှုတွေ ပြုလုပ်ထားပါတယ်။ ယူနိုက်တက်ဟာ ဘာကာကွင်းလယ်လူဒီဂျောင်ကို ခေါ်ယူဖို့အတွက် …

Read More »

ရိုနယ်ဒိုနဲ့ ရုပ်ချင်းဆင်တဲ့အမျိုးသား ပေါ်ထွက်လာ။

အသက် ၂၅ နှစ်အရွယ် ဟောင်ကောင်ဘောလုံးသမား အော်မက်တ်သရူး အယ်လီယက် (မက်တ် အော်) ဟာ အခုလက်ရှိမှာတော့ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ မကြာသေးခင်က AFC Asian Cup မှာ ဟောင်ကောင်ဘောလုံးအသင်းက ၅၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နောက်ဆုံး ၂၄ သင်းထဲ တက်လှမ်းနိုင်ခဲ့တဲ့အချိန် မက်တ်က ပရိသတ်ရဲ့အာရုံကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက မက်တ်ကို ဘောလုံးပွဲတွေမှာ သွင်းခဲ့တဲ့ ဂိုးအရေအတွက်ထက် သူ့ရဲ့ရုပ်ရည်ချောမောမှုကြောင့် ပိုစိတ်ဝင်စားနေကြတာပါ။ အခု Hong Kong Premier League Club Kitchee မှာ ကစားနေတဲ့ မက်တ်ကို ကမ္ဘာကျော်ဘောလုံးသမား ရော်နယ်ဒိုနဲ့ ရုပ်ဆင်တဲ့အတွက် “ဟောင်ကောင်ရဲ့ရော်နယ်ဒို” လို့ …

Read More »

ရာသီအသစ်အတွက် အသင့်ဖြစ်နေတဲ့အကြောင်း ဓာတ်ပုံအလန်းစားနဲ့ သတိပေးလိုက်တဲ့ ရော်နယ်ဒို။

ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုကတော့ သူ့ရဲ့အလန်းစားဘော်ဒီကိုပြသပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ရာသီအသစ်အတွက် ပြင်ဆင်မှုတွေကို စတင်နေပြီဖြစ်ပြီး ထုံးစံအတိုင်း သူ့ရဲ့ကိုယ်ပိုင်လေ့ကျင့်မှုတွေကို နေ့စဉ်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ လူမှုကွန်ယက်ကတဆင့် ထုတ်ဖော်ပြသခဲ့တဲ့ ဓာတ်ပုံမှာတော့ Gym မှာ လေ့ကျင့်နေတဲ့ဓာတ်ပုံ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်လို့ မထင်ရလောက်အောင်ကို ရော်နယ်ဒိုက ကြံ့ခိုင်သန်စွမ်းနေပြီး သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားက မြင်ရသူတိုင်းကို ဟာခနဲ၊ ဟင်ခနဲဖြစ်သွားစေခဲ့ကာ အားကျစိတ်တွေလည်း ယိုဖိတ်လာစေမှာ သေချာနေပါတယ်။ အပေါ်ပိုင်းဗလာကျင်းထားတဲ့ ရိုက်နယ်ဒိုရဲ့ခန္ဓာကိုယ်ဟာ အဆီပိုလုံးဝမရှိဘဲ ကြွက်သားအစိုင်အခဲတွေနဲ့သာ ဖွဲ့စည်းထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လူငယ်တဦးလို ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဒီလိုဖြစ်လာအောင်အတွက် သူဘယ်လောက်အထိ လေ့ကျင့်ခဲ့ရလဲဆိုတာကိုပါ ချက်ချက်းတန်းသိနိုင်မှာဖြစ်ကာ သူ့အနေနဲ့ …

Read More »

မုဒိန်းမှုဖြင့် တရားစွဲဆိုခံခဲ့ရတဲ့ ရော်နယ်ဒို။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုအပေါ် မာယော်ဂါတယောက် စွပ်စွဲထားတဲ့မုဒိမ်းမှုကို အမေရိကန်တရားရုံးက ပယ်ချလိုက်ပြီဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ (၂၀၀၉) ရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝအစပိုင်းက ဖြစ်ရပ်ဖြစ်ပြီး မာယော်ဂါက တကျော့ပြန်အစဖော် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီမတိုင်ခင်တည်းက မာယော်ဂါကို ပေါင် (၃) သိန်းဝန်းကျင် နစ်နာကြေး ပေးခဲ့ပါတယ်။ ဒါပေမယ့် မာယော်ဂါက နှစ်တွေအကြာမှာ ရော်နယ်ဒိုဆီက အခုထက် နစ်နာကြေး ပိုမိုရရှိလိုတယ်ဆိုပြီး တရားစွဲခဲ့တာဖြစ်ပြီး လတ်စ်ဗီးဂတ်စ်ရဲတပ်ဖွဲ့ဘက်ကလည်း အမှုဖွင့် စုံစမ်းခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လတ်စ်ဗီးဂတ်စ်က ဟိုတယ်ခန်းထဲမှာ သူမကို မုဒိမ်းကျင့်ခဲ့တာဖြစ်တယ်လို့ မာယော်ဂါက တိုင်ကြားခဲ့တာပါ။ ဒါပေမယ့် သူမတင်ပြတဲ့ သက်သေတွေက အကျိုးအကြောင်းခိုင်မာမှုမရှိခဲ့သလို လျှို့ဝှက်စာရွက်စာတမ်းတွေကို ခိုးယူအသုံးပြုခဲ့ခြင်းတွေကြောင့် အမေရိကန် ခရိုင်တရားသူကြီး …

Read More »

Maguire ပြောကြားလိုက်တဲ့ ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမား။

ပရီးမီးယားလီးဂ် အင်အားကြီးအသင်းတသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့အသင်းခေါင်းဆောင် Harry Maguire ကတော့ ဒီနှစ်ရာသီအတွင်း ၎င်းတို့အသင်းရဲ့ ခြေစွမ်းပိုင်းမှာ အတော်ဆိုးရွားခဲ့ပြီး Ronaldo တယောက်တည်းသာ ခြေစွမ်းတွေပြသနိုင်ခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း အဆင့် (၂) နဲ့ ရာသီသိမ်းခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ယခုနှစ်ဘောလုံးရာသီမှာတော့ နည်းပြ (၂) ဦးအထိ အပြောင်းအလဲလုပ်ခဲ့ရပေမယ့် ရလဒ်ကောင်းတွေ မရခဲ့ဘဲ ရာသီကုန်ချိန်မှာ ဥရောပချန်ပီယံလီးဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့သလို အဆင့် (၆) နေရာအထိပါ ကျဆင်းသွားခဲ့ပါတယ်။ အထူးသဖြင့် ယူနိုက်တက်အသင်းရဲ့ ခံစစ်အပိုင်းက အတော်လေးစွမ်းဆောင်ရည်ဆိုးရွားခဲ့ပြီး Maguire ဦးဆောင်တဲ့ ခံစစ်ပိုင်းဟာ ပွဲတိုင်းနီးပါး ပေးဂိုးတွေ ခွင့်ပြုခဲ့ရသလို အမှားအယွင်းများစွာလည်း ကျူးလွန်ခဲ့ကြပါတယ်။ ဒါ့ကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူအများစုက ယူနိုက်တက်အသင်းရဲ့ …

Read More »

Ronaldo ရဲ့စံချိန်တစ်ခုကို အမှီလိုက်နိုင်ခဲ့တဲ့ Gareth Bale

ရီးရဲလ်မက်ဒရစ်ရဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့နောက် ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်ဖလား (၅) ကြိမ်ရ မှတ်တမ်းကို အမှီလိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ဟာ လီဗာပူးနဲ့ ဖိုင်နယ်ပွဲမတိုင်ခင် ကြံ့ခိုင်မှုပြည့်ဝခဲ့ပေမယ့် ဒီပွဲမှာ ပါဝင်ကစားခွင့်တော့ မရရှိခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်ဟာ ဗီနီရှပ်စ်ရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့အတူ လီဗာပူးကို အနိုင်ရရှိပြီး ၄င်းတို့အတွက် (၁၄) ကြိမ်မြောက် ဥရောပချန်ပီယံဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂါရတ်ဘေးလ်က ချန်ပီယံလိဂ်ဖလား (၅) ကြိမ်ရ ကစားသမားတယောက်ဖြစ်လာခဲ့ပြီး ရော်နယ်ဒိုရဲ့မှတ်တမ်းနဲ့ တူညီသွားခဲ့ပါတယ်။ ဒါပေမယ့် ထူးခြားတဲ့အချက်က ဂါရတ်ဘေးလ်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စုစုပေါင်း (၇) မိနစ်သာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ပရိသတ်တွေကတော့ ဂါရတ်ဘေးလ်ရဲ့ကံဇာတာကို နောက်ပြောင်နေကြပါတယ်။ …

Read More »

ရော်နယ်ဒိုနဲ့ပတ်သက်လို့ ယူနိုက်တက်နည်းပြသစ်တန်ဟက်ခ်ရဲ့ သဘောထား။

ယူနိုက်တက်နည်းပြအဖြစ် အဲရစ်တန်ဟက်ခ်က တရားဝင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး စောစောစီးစီးပဲ ယူနိုက်တက်ကို ကိုင်တွယ်မှာဖြစ်သလို ပြင်ဆင်စရာတွေများတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အဲရစ်တန်ဟက်ခ်နဲ့ပတ်သက်လို့ ပရိသတ်တွေ စိတ်အဝင်စားဆုံး အကြောင်းအရာကတော့ ရော်နယ်ဒို ယူနိုက်တက်မှာ ဆက်ရှိ၊ မရှိဆိုတာပါပဲ။ အဲရစ်တန်ဟက်ခ်လက်အောက်မှာ ကစားဖို့ ရော်နယ်ဒိုက စိတ်လှုပ်ရှားနေတယ်လို့ ပြောကြားထားသလို အဲရစ်တန်ဟက်ခ်ကိုယ်တိုင်ကလည်း ရော်နယ်ဒိုကို ချီးကျူးထားပါတယ်။ ဒါပေမယ့် သတင်းစာရှင်းလင်းပွဲမှာတော့ အဲရစ်တန်ဟက်ခ်တယောက် ရော်နယ်ဒိုရဲ့ ယူနိုက်တက် ကစားသမားဘဝ အနာဂတ်နဲ့ ပတ်သက်လို့ မတင်မကျ ပြောကြားသွားခဲ့ပါတယ်။ သတင်းထောက်က “ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်မှာ ဆက်ရှိနေမလား” လို့ မေးမြန်းခဲ့တဲ့အပေါ် အဲရစ်တန်ဟက်ခ်ကလည်း “ဒါပေါ့။ ရော်နယ်ဒိုက ဂိုးတွေသွင်းနိုင်တဲ့ ကစားသမားတယောက်ပါ။ ဒါပေမယ့် ကျနော် ခင်ဗျားနဲ့စကားမပြောခင်မှာ ရော်နယ်ဒိုနဲ့ …

Read More »

နည်းပြအသစ်နဲ့အဆင်ပြေအောင် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတဲ့ ရော်နယ်ဒို။

ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုဟာ ချက်ရှိုင်းယားဒေသက Gym တခုမှာ တလ ၂၂၅ ပေါင် ပေးသွင်းပြီး လေ့ကျင့်ခန်းပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီလုပ်ရပ်ကြောင့် ချက်ရှိုင်းယားဒေသခံတွေကြားမှာ အံ့အားသင့်မှုတွေဖြစ်ခဲ့ရပြီး ပေါ်တူဂီသားဟာ ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်း၊ နေအိမ်မှာ ကိုယ်ပိုင်လေ့ကျင့်ခန်းတွေလုပ်တဲ့အပြင် အဆိုပါ Gym မှာလည်း သွားရောက်ပြီး လေ့ကျင့်နေတာလို့ ဆိုပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုကို ချက်ရှိုင်းယားရဲ့ အဆင့်မြင့်ဧရိယာအတွင်းက Cpase ကလပ်မှာ ပုံမှန်မြင်တွေ့နေရတယ်လို့ သိရပါတယ်။ အဆိုပါကလပ်ကတော့ ဘောလုံးသမားတွေ စိတ်ကြိုက်တွေ့တဲ့နေရာလို့ သိရပြီး ရော်နယ်ဒိုရဲ့ ပူးပေါင်းမှုက အားလုံးကို မှင်သက်စေခဲ့တာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့အတူ သူ့ရဲ့ချစ်သူဖြစ်တဲ့ ဂျော်ဂျီနာလည်း လိုက်ပါလာတယ်လို့သိရပြီး အင်စတာဂရမ်မှာ ရော်နယ်ဒိုဖော်ပြခဲ့တဲ့ သူ့ရဲ့သားနဲ့ပုံက …

Read More »

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro