အခုနောက်ပိုင်းမှာတော့ ချစ်သူစုံတွဲတွေအကြား လက်ထပ်ခွင့်တောင်းခံပုံအမျိုးမျိုးကို တွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့အတူ Romantic ဆန်တဲ့နေရာမျိုးမှာ ပူဖောင်းတွေ၊ နှင်းဆီပန်းတွေအသုံးပြုပြီး ချစ်သူရည်းစားကို လက်ထပ်ခွင့်တောင်းခံတဲ့ပုံစံဟာ အရင်အချိန်အခါတုန်းက ခေတ်စားခဲ့ပြီး အခုချိန်မှာတော့ နည်းလမ်းအသစ်တွေနဲ့ လက်ထပ်ခွင့်တောင်းခံလာကြတာကို တွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း အမျိုးသားတစ်ယောက်ဟာ သူ့ချစ်သူကောင်မလေးမသိအောင် တစ်လလုံးလုံး လက်ထပ်ခွင့်တောင်းနေတဲ့ပုံစံမျိုး ဓာတ်ပုံတွေရိုက်ကာ မှတ်တမ်းတင်သိမ်းဆည်းထားခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ၊ ဟဲလ်ဖို့ဒ်ရှိုင်းယားမှာနေထိုင်တဲ့ Edi Okoro ဆိုတဲ့ အသက် ၃၀ အရွယ်အမျိုးသားဟာ စိန်လက်စွပ်တစ်ကွင်းဝယ်ယူပြီး သူ့ချစ်သူကောင်မလေး Carly Read မသိအောင် လက်ထပ်ခွင့်တောင်းနေတဲ့ပုံစံမျိုး တစ်လလုံးတိတိ ဓာတ်ပုံတွေရိုက်ကာ စုဆောင်းခဲ့ပြီး နောက်ဆုံးအ့ံအားသင့်အောင် ဓာတ်ပုံတွေထုတ်ပြကာ လက်ထပ်ခွင့်တောင်းခံခဲ့ခြင်းပဲဖြစ်ပါတယ်။ Edi အနေနဲ့ မတူညီတဲ့ နေရာအမျိုးမျိုးမှာ လက်စွပ်လေးဖြင့် …
Read More »