တရုတ်မြို့တစ်မြို့ပေါ်မှ သွေးနီရောင်ကောင်းကင်ကြီးရဲ့ ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုက နိုင်ငံသားများအကြား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်စေခဲ့ပါတယ်။ Covid ဒဏ်ခံထားရပြီး ဆိပ်ကမ်းမြို့ဖြစ်တဲ့ ရှန်ဟိုင်းမြို့အနီးရှိ Zhoushan မှာ နေထိုင်သူများ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာတော့ ညကောင်းကင်ကြီးဟာ မြူခိုးထူထပ်နေတဲ့ကြားကနေ လိမ္မော်နီရောင်အဖြစ် အရောင်ပြောင်းသွားတာကို မြင်တွေ့ရပါတယ်။ အဆိုပါ “အနီရောင်ကောင်းကင်” ဖြစ်စဉ်ကို တစ်မြို့လုံးအနှံ့ နာရီပေါင်းများစွာ မြင်တွေ့ခဲ့ရပြီး ဗီဒီယိုရိုက်ကူးကာ မှတ်တမ်းတင်ထားခဲ့ကြပါတယ်။ အဆိုပါဗီဒီယိုတွေဟာ တရုတ်နိုင်ငံရှိ TikTok ကဲ့သို့သော လူမှုမီဒီယာပလပ်ဖောင်းဖြစ်တဲ့ Douyin မှာ ပျံ့နှံ့ခဲ့တာကြောင့် လူအများက ဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်တိုက်ပွဲနဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့ နိမိတ်လက္ခဏာတစ်ခု ဖြစ်လာမည်ကို စိုးရိမ်ခဲ့ကြပါတယ်။ “အဲဒါက သွေးနီရောင်ကောင်းကင်ကြီး ၊ ပြီးတော့ ကြည့်ရတာ …
Read More »