ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ရဲ့ ကျန်းမာရေးအခြေအနေဟာ ဆိုးရွားလာကြောင်း ဆုပေးပွဲအခမ်းအနားတစ်ခုက ပုံရိပ်တွေက ထောက်ပြနေပါတယ်။ ရုရှားဖယ်ဒရေးရှင်းရဲ့ နိုင်ငံတော်ဆုရရှိသူတစ်ဦးရဲ့ ဘေးနားမှာ ရပ်နေတဲ့ ပူတင်ဟာ ဓာတ်ပုံရိုက်ခံနေစဉ်အတွင်းမှာ သိသိသာသာ တုန်လှုပ်နေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ရုရှားမှ ယူကရိန်းကို စတင်ကျူးကျော်ပြီးနောက်ပိုင်း ရုရှားခေါင်းဆောင်ပူတင်ရဲ့ ကျန်းမာရေးအခြေအနေအပေါ် ဝေဖန်ပြောဆိုမှုများ မြင့်တက်လာခဲ့ပါတယ်။ ဆုပေးပွဲအခမ်းအနားအတွင်း ရုပ်ရှင်ဖန်တီးသူ Nikita Mikhalkov က အနုပညာဆု လက်ခံယူနေချိန်မှာ ပူတင်ရဲ့ ခြေထောက်က တုန်ရီနေခဲ့တာပဲဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခုမှာ ပူတင်ဟာ စင်မြင့်ပေါ်မှာ ရပ်နေတာဖြစ်တာကြောင့် သူတုန်ရီနေတာက ထင်ရှားနေပြီး နောက်ဘက်ကို လှမ်းလှမ်းသွားတာကိုလည်း တွေ့ရတဲ့အပြင် ဘေးချင်းကပ်လှုပ်ရှားမှုပြုလုပ်ပြီးတော့ ခြေထောက်တွေ လှုပ်ယမ်းမိနေတာကိုပါ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ …
Read More »