လက်ရှိအေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ ၄င်းရဲ့ကစားသမားဘဝမှာ မုန်းတီးတဲ့ ကစားသမား သုံးလေးယောက်လောက်သာရှိပေမယ့် ဒီအထဲမှာ ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီ ပါဝင်နေတယ်လို့ သိရှိရပါတယ်။ ဒီအကြောင်းကိုတော့ မေဂျာလိဂ်ကလပ် LA ဂလက်ဆီမှာ အီဘရာဟီမိုဗစ်နဲ့ အသင်းဖော်ဖြစ်ဖူးတဲ့ နောက်ခံလူဟောင်း ရှာနီက ဖွင့်ဟခဲ့တာပါ။ အီဘရာဟီမိုဗစ်နဲ့ ကာဗာနီတို့ဟာ ပီအက်စ်ဂျီမှာ ထိပ်တန်းတိုက်စစ်မှူးတွေအဖြစ် ခြေစွမ်းပြခဲ့ဖူးပေမယ့် နှစ်ယောက်သားအကြား ဆက်ဆံရေးပြေလည်ခဲ့ဟန် မရှိပါဘူး။ ပီအက်စ်ဂျီမှာ အသင်းဖော်တွေအဖြစ် (၃) ရာသီအကြာ ဖြတ်သန်းခဲ့ကြတာဖြစ်ပြီး ဂိုးတွေအပြိုင်သွင်းကာ ရာသီတိုင်းမှာလည်း ပြင်သစ်လီဂူးချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒီလိုမျိုး နှစ်ယောက်အကြား ဆက်ဆံရေးအဆင်မပြေခဲ့တာကို အီဘရာဟီမိုဗစ်ကိုယ်တိုင်က ထုတ်ဖော်ပြောကြားဖူးတယ်လို့ ရှာနီက အခုလိုပဲ ပြောပါတယ်။ ရှာနီက “တကယ်လို့ ခင်ဗျားက ကာဗာနီနဲ့ ရင်းနှီးတဲ့ …
Read More »