ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးကို ရောက်ရှိလာပြီးနောက်ပိုင်း အသင်းသစ်နဲ့ အသားကျနိုင်ရန် ရုန်းကန်ခဲ့ရသည့် ကစားသမားအများအပြားရှိခဲ့ကြပြီး အချို့သောကစားသမားများမှာမူ အစပိုင်း၌ ပုံမှန်ခြေစွမ်းပြသနိုင်ရန် ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်း၌မူ ပုံစံကောင်းများပြသရင်း ဂန္တဝင်ဖြစ်လာခဲ့ကြသည့် ကစားသမားများလည်း ရှိခဲ့ပါတယ်။ ၁။ ရောဘတ်ပီရက်စ် (အာဆင်နယ်) ပရီးမီးယားလိဂ်၌ နိုင်ငံခြားသားများ အသားကျရန် ရုန်းကန်ရတယ်ဆိုသည့် အဆိုကို ပီရက်စ်ကစခဲ့ဟန်ရှိပြီး ဒီကစားသမားသည် (၂၀၀၀) ခုနှစ်၌ ပြင်သစ်လီဂူးကလပ် မက်ဇ်အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲက ကြံ့ခိုင်မှုပိုင်းအရ အရမ်းကို ပြင်းထန်လွန်းကြောင်း ဝန်ခံခဲ့သည့် ပီရက်ဇ်အနေနဲ့ အသင်းအတွက် လိဂ်ပွဲ (၃၃) ပွဲ၌ (၄) ဂိုးသွင်း ၊ ဂိုးဖန်တီးမှု (၇) ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် …
Read More »