ဂြိုဟ်သားတွေ အမှန်တကယ်ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်လို့ လူတွေကြားထဲမှာ အမြဲတမ်း အငြင်းအခုံတွေ ရှိနေရပေမယ့် အချို့သောနာမည်ကျော်အနုပညာရှင်တွေကတော့ ဂြိုဟ်သားတွေ အမှန်တကယ်ရှိတယ်ဆိုတာကို လက်ခံယုံကြည်ထားပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ဒီလိုမျိုးယုံကြည်ထားတဲ့ အနုပညာရှင်တွေကို Soshwe ရဲ့ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ ၁။ Demi Lovato Anyone သီချင်းရဲကအဆိုတော် Lovato ကတော့ “ကျွန်မ မြင်တွေ့ခဲ့တဲ့အရာကို ရေသူမဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်။ သူတို့က အိန္ဒိယသမုဒ္ဒရာအတွင်းမှာ နေထိုင်တဲ့ ဂြိုဟ်သားမျိုးစိတ်ဖြစ်မှာပါ” လို့ (၂၀၁၄) က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ဖူးပြီး ကန္တာရတစ်ခုအတွင်းမှာလည်း ဒီလိုမျိုးဂြိုဟ်သားဆန်ဆန်အရာတွေကို အနီးကပ်မြင်တွေ့ခဲ့ရသေးတယ်လို့ လက်ရှိ (၂၀၂၁) ခုနှစ် ၊ စက်တင်ဘာမှာ ပြောကြားခဲ့ပါသေးတယ်။ …
Read More »