Okinawa သိပ္ပံနဲ့ နည်းပညာဘွဲ့လွန်တက္ကသိုလ် (Okinawa Institute of Science and Technology Graduate University – OIST) က သိပ္ပံပညာရှင်တွေဟာ နို့တိုက်သတ္တဝါတွေမှာရှိတဲ့ တံတွေးဂလင်းနဲ့ မြွေမှာရှိတဲ့ အဆိပ်ဂလင်းတို့ဟာ ဆက်စပ်မှုရှိနေကြောင်းကို လေ့လာဖော်ထုတ်ခဲ့ပါတယ်။ PNAS ဂျာနယ်က ထုတ်ဝေခဲ့တဲ့ သုတေသနပြုလေ့လာမှုမှာ “ဒါဟာအခုချိန်ထိ မဖြစ်လာသေးပေမယ့်လည်း အချို့သော သဘာဝပတ်ဝန်းကျင် အခြေအနေတွေအရ လူသားတွေနဲ့ ကြွက်တွေဟာ အဆိပ်အတောက်ဖြစ်လာမယ့် အလားအလာရှိနေတယ်။” လို့ ဖော်ပြထားပါတယ်။ လေ့လာဆန်းစစ်မှုရဲ့ တစ်ပိုင်းတစ်ပိုင်းအနေနဲ့ သိပ္ပံပညာရှင်တွေက အဆိပ်ဗီဇတွေနဲ့တွဲပြီး အလုပ်လုပ်တဲ့ ဗီဇတွေကို ရှာဖွေခဲ့ကြပါတယ်။ ဒါ့အပြင် သိပ္ပံပညာရှင်တွေက ထိုင်ဝမ် Habu မြွေတွေရဲ့ အဆိပ်ဂလင်းကို အသုံးပြုပြီး …
Read More »