အကယ်၍ သင်ဟာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်အတွေ့အကြုံတွေနဲ့ ပက်သက်လာရင် ဝါသနာထုံသူတစ်ဦးဖြစ်တယ်ဆိုရင်တော့ ယခုပြောပြမယ့် အကြောင်းအရာဟာ သင့်အတွက် အထူးရည်ညွှန်းထားတာပဲဖြစ်ပါတယ်။ မီတာ ၇၀ မြင့်ပြီး ၁,၁၄၀ မီတာရှည်လျားတဲ့ ကမ္ဘာ့အရှည်လျားဆုံး ရေလွှာလျှောစီးကို မလေးရှားနိုင်ငံ၊ ပီနန်ကျွန်းပေါ်မှာရှိတဲ့ သစ်တောထဲမှာ ဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်။ မလေးရှားနိုင်ငံက ရေလွှာလျှောကြီးရဲ့အရှည်ဟာ လွန်ခဲ့တဲ့လေးနှစ်လောက်က အမေရိကန်နိုင်ငံ နယူးဂျာစီမှာဖွင့်လှစ်ခဲ့တဲ့ မီတာ ၆၀၀ ရှည်လျားတဲ့ ရေလွှာလျှောရဲ့အရှည်ထက် နှစ်ဆပိုရှည်တာကြောင့် ကမ္ဘာ့အရှည်လျားဆုံး ရေလွှာလျှောစာရင်း ဝင်သွားတာပဲဖြစ်ပါတယ်။ ရေလွှာလျှောကြီးတစ်ခုလုံးကို သစ်တောထဲမှာတည်ဆောက်ထားတာမို့ အဆင့်တိုင်းဟာ သစ်ပင်တွေရဲ့ ထိပ်ဖျားမှာရှိနေပြီး ရေလွှာလျှောစီးချိန်က ၄ မိနစ်ထက် ပိုကြာတယ်လို့ သိရှိရပါတယ်။ ထိုရေလွှာလျှောကိုတည်ဆောက်သူက “ကျွန်တော်တို့ကတော့ ရေလွှာလျှောစီးတဲ့သူတွေအနေနဲ့ ရေလွှာလျှောစီးရင်း သဘာဝပတ်ဝန်းကျင်အလှကိုပါ တစ်ခါတည်းကြည့်ရှုခံစားနိုင်ဖို့အတွက် ရည်ရွယ်ခဲ့တာပါ။ …
Read More »