လူတွေအတွက် ငွေဆိုတာ ဒုတိယဘုရားသခင်လို့ ဆိုစမှတ်ပြုကြပါတယ်။ ငွေက အရာရာတိုင်းနီးပါးကို လွှမ်းမိုးနိုင််စွမ်းရှိပြီး ငွေရှိမှ နေရာတော်တော်များများမှာ ဝင်ဆံ့နိုင်တယ်ဆိုတာကလည်း အမှန်တရားတစ်ခုလို ဖြစ်နေပါတယ်။ ဒီတော့ သင့်ရဲ့ဘဝမှာ ငွေကြေးအခက်အခဲတွေမရှိပဲ အလွယ်တကူ ငွွေရှာနိုင်ဖို့ အခြေခံကျတဲ့ အချက််တချို့ကို သိထားဖို့ လိုအပ်ပါတယ်။ ၁။ အချိန််နဲ့အမျှ ရင်းနှီးမြုပ်နှံပါ။ လူတော်တော်များများဟာ ချမ်းသာတဲ့ဘဝကို ပိုင်ဆိုင်ချင်ကြပေမယ့် တကယ့်လက်တွေ့မှာတော့ အပျင်းကြီးနေတတ်ကြပါတယ်။ သူတို့ဘဝရဲ့ အချိန်အများစုကို သာသာယာယာနဲ့ ဘာရင်းနှီးမြုပ်နှံမှုမှမလုပ်ပဲ ကုန််ဆုံးနေတတ်ကြပါတယ်။ သင့်ရဲ့ဘဝမှာ ငွေကြေးအခက်အခဲတွေ မရှိချင်ဘူးဆိုရင်တော့ သင့်ရဲ့အချိန်တော်တောများများကို ကြိုးစားရင်းနှီးမှု ပြုလုပ်ရပါမယ်။ အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်တဲ့ ပညာရပ်တွေ၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုတွေ၊ တခြားသော ခေတ်နဲ့အညီတိုးတက််လာတဲ့ ပညာရပ်အသစ်တွေကို အချိန်ရှိတိုင်းမှာ လေ့လာနေဖို့ …
Read More »