လူတွေမှာ စိုးရိမ်စိတ်၊ စိတ်ဖိစီးမှု၊ ခေါင်းကိုက်ခြင်း (သို့) ငိုက်မျဉ်းခြင်းတို့ဟာ အနည်းနဲ့အများ ဖြစ်တတ်ကြတဲ့ အရာတွေပါ။ ဒါပေမယ့် ဒီ့အတွက် ဖြေရှင်းနည်းက တကယ့်ကိုရိုးရှင်းပါတယ်။ ဒါကတော့ နားကိုနှိပ်နှယ်ပေးခြင်းပါပဲ။ နားမှာ စိတ်ပိုင်းဆိုင်ရာပြသနာများနဲ့ ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတို့ကနေ ပြေလျော့စေတဲ့ အာရုံကြောခံစားမှုတစ်ခု ရှိပါတယ်။ ဆက်လက်ပြီး နားကိုနှိပ်နှယ်ပေးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို soshwe စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ ၁။ နာကျင်နေတဲ့ ကြွက်သားတွေကို သက်သာစေတယ်။ နာတာရှည်ခါးနာနေသူတွေအနေနဲ့ နားကိုနှိပ်နှယ်ပေးခြင်းက နာကျင်မှုကို လျော့ပါးစေခြင်း ရှိ၊ မရှိ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ရလဒ်အနေနဲ့ ဒီရိုးရှင်းတဲ့နည်းလမ်းက နာကျင်မှုခံစားရခြင်းကို လျော့ချရန် ထိရောက်တဲ့နည်းလမ်းဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ သင့်နားရဲ့ မတူညီတဲ့နေရာတွေကို …
Read More »