လက်ဝှေ့အကျော်အမော် မေဝဲလ်သာသည် အိမ်ခြံမြေနဲ့ ပတ်သက်သည့် စီးပွါးရေးလုပ်ငန်းများကို အလွန်အမင်းစိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး အိမ်များကို ဝယ်ယူစုဆောင်းသည့်နေရာ၌လည်း ဝါသနာထုံသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ မက်ဂရီဂေါ်ကို အနိုင်ရရှိပြီးနောက် မေဝဲလ်သာက ကယ်လီဖိုးနီးယားရှိ သူ့ရဲ့ ဒေါ်လာ (၂၅) သန်းတန်စံအိမ်ကြီး၌ အောင်ပွဲခံခဲ့ပြီး လော့စ်အိန်ဂျယ်လိစ် Times ရဲ့ ဖော်ပြချက်အရ အဆိုပါလက်ဝှေ့ဂန္တဝင်ကစားသမားကြီးသည် ဒေါ်လာ (၁၀) သန်းတန် အိမ်တစ်လုံးကိုလည်း လော့စ်အိန်ဂျယ်လိစ်၌ ဝယ်ယူခဲ့သေးကြောင်း သိရှိရပါတယ်။ မေဝဲလ်သာရဲ့ ဒေါ်လာ (၂၅) သန်းတန် စံအိမ်ကြီးသည် ရဲတိုက်ကြီးတစ်ခုသဖွယ်၊ နိုင်ငံတော်အကြီးအကဲတစ်ဦးရဲ့ နေအိမ်သဖွယ် ကြီးကျယ်ခမ်းနားသည်ကိုလည်း ဓာတ်ပုံမှတ်တမ်းများအရ သိရှိရပါတယ်။ အဆိုပါစံအိမ်ကြီးအတွင်း၌ စတုရန်းပေ (၂၁,၈၆၁) ပေ ကျယ်ဝန်းသည့် Guest House …
Read More »