Breaking News

Tag Archives: Man U

ရော်နယ်ဒိုရဲ့အနာဂတ်အတွက် လူသိရှင်ကြားဖွင့်ပြောလာတဲ့ Sporting ဘောလုံးဒါရိုက်တာ။

ရော်နယ်ဒိုရဲ့ ငယ်ဘဝအသင်းဖြစ်တဲ့ စပို့တင်းလစ္စဘွန်းဒါရိုက်တာ ဟူဂိုဗီယာနာက ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ဘယ်သူမှကြိုမသိနိုင်တဲ့အကြောင်း ပြောကြားလာပါတယ်။ စပို့တင်းလစ္စဘွန်းအသင်းအနေနဲ့ ရော်နယ်ဒိုသာ ယူနိုက်တက်ကနေ ထွက်ခွာမယ်ဆိုရင် ကမ်းလှမ်းဖို့ ပြင်ဆင်ထားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ လာမယ့်ရာသီတရာသီစာအတွက် စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေအပေါ် ရော်နယ်ဒိုက ကျေနပ်အားရမှုမရှိဘဲ အသင်းကနေထွက်ခွာဖို့ စဉ်းစားနေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ ရော်နယ်ဒိုနဲ့ပတ်သက်လို့ ဗီယာနာက “ရော်နယ်ဒို စပို့တင်းလစ္စဘွန်းကို ပြန်လာဖို့က အခုချိန်မှာဖြစ်နိုင်တယ်လို့ ကျနော်မထင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ကြိုသိနိုင်တာ ဘာများရှိလို့လဲ။ ရော်နယ်ဒိုက သူဘယ်အသင်းကို သွားမယ်ဆိုတာ သူကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်းရှိတာပဲလေ။ အနာဂတ်ကို ဘယ်သူမှကြိုမသိပါဘူး” “ဒီအကြောင်းကို ကျနော်အများကြီး …

Read More »

ရော်နယ်ဒိုနဲ့ မော်ရင်ဟိုကို ပြန်လည်ဆုံဆည်းပေးဖို့ ကြိုးစားနေတဲ့ ရိုးမား။

အီတလီသတင်းဌာန Retesport က ရိုးမားအသင်းဟာ ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ယူနိုက်တက်ရဲ့ ကစားသမားသစ်ခေါ်ယူနိုင်ဖို့ ကြန့်ကြာနေမှုတွေအပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ရော်နယ်ဒိုတယောက် အသင်းကထွက်မယ်လို့ သတင်းတွေထွက်လာချိန်မှာ ရိုးမားဘက်က လှုပ်ရှားလာခဲ့တာ ဖြစ်ပါတယ်။ ရိုးမားနောက်ခံလူဟောင်းတဦးဖြစ်တဲ့ ဖေဘီယိုပီထရူဇီက ရိုးမားအသင်းရဲ့ ရိုနယ်ဒိုကို ခေါ်ယူနိုင်မယ့်နည်းလမ်းတွေနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို သူရရှိထားတယ်ဆိုပြီး Retesport ကို ပြောကြားခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒိုနဲ့ မော်ရင်ဟိုတို့ နောက်တကြိမ်လက်တွဲတာကို ပြန်လည်မြင်တွေ့နိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးက ရီးရဲလ်မက်ဒရစ်မှာ လက်တွဲခဲ့သူတွေဖြစ်ပြီး ပေါ်တူဂီသားအချင်းချင်းဖြစ်တာကြောင့် အဆင်ပြေခဲ့ကြပါတယ်။ ရော်နယ်ဒိုအနေနဲ့လည်း ဂျူဗီနဲ့အတူ စီးရီးအေမှာ ကစားခဲ့ဖူးလို့ ရိုးမားကို ပြောင်းရွှေ့မယ်ဆိုလည်း ၎င်းအတွက် အခက်အခဲရှိမှာမဟုတ်ဘဲ …

Read More »

ရော်နယ်ဒိုကိုခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ ချယ်ဆီးအသင်းပိုင်ရှင်အသစ်။

ချယ်လ်ဆီးအသင်းပိုင်ရှင်အသစ် တော့ဒ်ဘိုလေဟာ ရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နဲ့ တွေ့ဆုံခဲ့ပြီး ရော်နယ်ဒိုကို ခေါ်ယူနိုင်ခြင်းရှိ၊ မရှိဆိုတာကို ဆွေးနွေးခဲ့တယ်လို့ အင်္ဂလန်မီဒီယာအများအပြားက ဖော်ပြခဲ့ကြပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုရဲ့ လက်ရှိအခြေအနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့နိုင်ဖို့ စိတ်ကူးက ၎င်းတို့ဆွေးနွေးမှုရဲ့ အဓိကအကြောင်းအရာလို့ ဆိုပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တနှစ်သာကျန်ရှိတော့ပေမယ့် ကလပ်အသင်းကတော့ သူ့ကိုထိန်းသိမ်းထားဖို့ကို ပြတ်ပြတ်သားသားဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေအပေါ် ရော်နယ်ဒိုတယောက် စိတ်ပျက်နေပြီဆိုတဲ့သတင်းတွေ ထွက်လာခဲ့တဲ့နောက်မှာ ပေါ်တူဂီသားရဲ့ အနာဂတ်ကလည်း လှုပ်ခတ်လာပါတယ်။ ဘိုင်ယန်မြူးနစ်ကလည်း ရော်နယ်ဒိုကို စိတ်ဝင်စားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ဂျာမနီကလပ်ကတော့ ငြင်းဆန်မှုတွေ ပြုလုပ်ထားပါတယ်။ ယူနိုက်တက်ဟာ ဘာကာကွင်းလယ်လူဒီဂျောင်ကို ခေါ်ယူဖို့အတွက် …

Read More »

ရာသီအသစ်အတွက် အသင့်ဖြစ်နေတဲ့အကြောင်း ဓာတ်ပုံအလန်းစားနဲ့ သတိပေးလိုက်တဲ့ ရော်နယ်ဒို။

ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုကတော့ သူ့ရဲ့အလန်းစားဘော်ဒီကိုပြသပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ရာသီအသစ်အတွက် ပြင်ဆင်မှုတွေကို စတင်နေပြီဖြစ်ပြီး ထုံးစံအတိုင်း သူ့ရဲ့ကိုယ်ပိုင်လေ့ကျင့်မှုတွေကို နေ့စဉ်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ လူမှုကွန်ယက်ကတဆင့် ထုတ်ဖော်ပြသခဲ့တဲ့ ဓာတ်ပုံမှာတော့ Gym မှာ လေ့ကျင့်နေတဲ့ဓာတ်ပုံ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်လို့ မထင်ရလောက်အောင်ကို ရော်နယ်ဒိုက ကြံ့ခိုင်သန်စွမ်းနေပြီး သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားက မြင်ရသူတိုင်းကို ဟာခနဲ၊ ဟင်ခနဲဖြစ်သွားစေခဲ့ကာ အားကျစိတ်တွေလည်း ယိုဖိတ်လာစေမှာ သေချာနေပါတယ်။ အပေါ်ပိုင်းဗလာကျင်းထားတဲ့ ရိုက်နယ်ဒိုရဲ့ခန္ဓာကိုယ်ဟာ အဆီပိုလုံးဝမရှိဘဲ ကြွက်သားအစိုင်အခဲတွေနဲ့သာ ဖွဲ့စည်းထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လူငယ်တဦးလို ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဒီလိုဖြစ်လာအောင်အတွက် သူဘယ်လောက်အထိ လေ့ကျင့်ခဲ့ရလဲဆိုတာကိုပါ ချက်ချက်းတန်းသိနိုင်မှာဖြစ်ကာ သူ့အနေနဲ့ …

Read More »

အကြီးအကျယ် နောင်တရခဲ့အတဲ့အကြောင်းအရာကို ထုတ်ဖော်ပြောကြားလာတဲ့ ယူနိုက်တက်အသင်းနည်းပြဟောင်း ဆိုးရှား။

ယူနိုက်တက်နည်းပြဟောင်းဆိုးလ်ရှားဟာ ရော်နယ်ဒိုကို အသင်းဆီပြန်လည်ခေါ်ယူခဲ့မှုအတွက် နောင်တရနေတယ်လို့ သိရပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကို ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ပြန်လည်ခေါ်ယူခဲ့ရာမှာ ဆိုးလ်ရှားရဲ့ သဘောထားဆန္ဒမပါဝင်ဘဲ အသင်းဘုတ်အဖွဲ့ကသာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဆန်ချိုနဲ့ ဗာရာနီတို့ကို ဆိုးလ်ရှားက ခေါ်ယူခဲ့ပြီး ရော်နယ်ဒိုကိုတော့ ခေါ်ယူဖို့ ဆန္ဒမရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးက ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့အတွက် နီးစပ်နေချိန်မှာ ယူနိုက်တက်က ကြားဖြတ်ကာ ခေါ်ယူခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ဂိုးအထိကို သွင်းယူပေးခဲ့ပေမယ့် ဆိုးရှားလ်ကတော့ ဒီအပြောင်းအရွှေ့အတွက် နောင်တရနေခဲ့တယ်လို့ The Times က ဆိုပါတယ်။ ယူနိုက်တက်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တခုက ပြောခဲ့ရာမှာ နော်ဝေသားက ရော်နယ်ဒိုဟာ …

Read More »

နည်းပြအသစ်နဲ့အဆင်ပြေအောင် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတဲ့ ရော်နယ်ဒို။

ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုဟာ ချက်ရှိုင်းယားဒေသက Gym တခုမှာ တလ ၂၂၅ ပေါင် ပေးသွင်းပြီး လေ့ကျင့်ခန်းပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီလုပ်ရပ်ကြောင့် ချက်ရှိုင်းယားဒေသခံတွေကြားမှာ အံ့အားသင့်မှုတွေဖြစ်ခဲ့ရပြီး ပေါ်တူဂီသားဟာ ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်း၊ နေအိမ်မှာ ကိုယ်ပိုင်လေ့ကျင့်ခန်းတွေလုပ်တဲ့အပြင် အဆိုပါ Gym မှာလည်း သွားရောက်ပြီး လေ့ကျင့်နေတာလို့ ဆိုပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုကို ချက်ရှိုင်းယားရဲ့ အဆင့်မြင့်ဧရိယာအတွင်းက Cpase ကလပ်မှာ ပုံမှန်မြင်တွေ့နေရတယ်လို့ သိရပါတယ်။ အဆိုပါကလပ်ကတော့ ဘောလုံးသမားတွေ စိတ်ကြိုက်တွေ့တဲ့နေရာလို့ သိရပြီး ရော်နယ်ဒိုရဲ့ ပူးပေါင်းမှုက အားလုံးကို မှင်သက်စေခဲ့တာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့အတူ သူ့ရဲ့ချစ်သူဖြစ်တဲ့ ဂျော်ဂျီနာလည်း လိုက်ပါလာတယ်လို့သိရပြီး အင်စတာဂရမ်မှာ ရော်နယ်ဒိုဖော်ပြခဲ့တဲ့ သူ့ရဲ့သားနဲ့ပုံက …

Read More »

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro