မန်စီးတီး တောင်ပံကစားသမား မာရက်ဇ်ကတော့ သူ့ရဲ့တွစ်တာအကောင့်ကနေ ပျောက်သွားတဲ့ အပြာရောင်အမှန်ခြစ်လေးကို ပြန်ပေးဖို့ တွစ်တာပိုင်ရှင်သစ် အီလွန်မက်စ်ကို တောင်းဆိုလိုက်ပါတယ်။ ဖေ့ဘွတ်ခ်မှာဆိုရင်တော့ ဘလူးမတ်ခ်လို့ခေါ်တဲ့ ဒီအရာက မာရက်ဇ်ရဲ့အကောင့်ကနေ ပျက်သွားခဲ့တာဖြစ်ပြီး မာရက်ဇ်ကတော့ ဒါကို ကျေနပ်ပုံမပေါ်ပါဘူး။ အသက် (၃၁) နှစ်အရွယ် မာရက်ဇ်ဟာ တွစ်တာပေါ်မှာ Follower (၃) သန်းကျော် ရှိထားပြီးဖြစ်ပေမယ့် အကြောင်းအရင်းတစုံတရာမရှိဘဲ ဒီအမှတ်အသားလေးက ပျောက်ဆုံးသွားခဲ့ရတာပါ။ အီလွန်မက်စ်ဟာ မကြာခင်ရက်ပိုင်းအတွင်းကမှ တွစ်တာကို အမေရိကန်ဒေါ်လာ (၄၄) ဘီလီယံနဲ့ ဝယ်ယူကာ အပြည့်အဝ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အီလွန်မက်စ်ရဲ့သတင်းတွေအတည်ဖြစ်သွားတဲ့နောက် မာရက်ဇ်က သူ့ရဲ့တွစ်တာပေါ်မှာ “ကိုယ့်လူ အီလွန်မက်စ်ရေ။ ငါ့ကို အပြာရောင်အမှန်ခြစ်လေး ပြန်ပေးပါကွာ” ဆိုပြီး ရယ်မောရင်းငိုကြွေးနေတဲ့ အီမိုဂျီသုံးခုကို …
Read More »