တရုတ်နိုင်ငံအတွင်း နည်းပညာကုမ္ပဏီတွေနဲ့ပတ်သက်လာရင် တင်းကျပ်မှုတွေရှိနေပြီး အချို့ကတော့ ဒီအရာတွေအပေါ်မှာ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရမယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ကုမ္ပဏီတော်တော်များများကတော့ တရုတ်နိုင်ငံကို ကျောခိုင်းခဲ့ကြပြီး နာမည်ကြီး မိုက်ခရိုဆော့ဖ်က တရုတ်နိုင်ငံမှာရှိတဲ့ LinkedIn ရုံးကို ပိတ်သိမ်းခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ တရုတ်အစိုးရရဲ့ တောင်းဆိုမှုတွေကို လိုက်လျောရတာက စိန်ခေါ်မှု ပိုမိုများပြားလာတာကြောင့်လည်း အခုလိုဆုံးဖြတ်ချက်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ Apple နဲ့ပတ်သက်လို့ တရုတ်နိုင်ငံအတွင်း ဆင်ဆာဖြတ်တောက်မှုပြဿနာတွေရှိနေပြီး ဘီဘီစီသတင်းဌာနရဲ့ ဖော်ပြချက်အရ App Store က နာမည်ကျော်ဘာသာရေးဆိုင်ရာ အက်ပလီကေးရှင်းနှစ်ခုကို ဖယ်ရှားခဲ့ရတယ်လို့ သိရပါတယ်။ ဖယ်ရှားခံခဲ့ရတဲ့ အက်ပလီကေးရှင်းနှစ်ခုကတော့ Amazon ပိုင် Audible နဲ့ Yahoo Finance တို့ဖြစ်ပါတယ်။ Apple …
Read More »LinkedIn အသုံးပြုခွင့် ပိတ်ပင်လိုက်တဲ့ နိုင်ငံတစ်နိုင်ငံ။
Microsoft ကုမ္ပဏီဟာ တရုတ်နိုင်ငံရဲ့ သဘောထားများနှင့် ကိုက်ညီရန် ခက်ခဲလာသဖြင့် Microsoft အပိုင် လူမှုကွန်ယက်တစ်ခုဖြစ်သည့် LinkedIn အား တရုတ်ပြည်တွင် အသုံးပြုခွင့် ပိတ်ပင်လိုက်ပါတယ်။ သတင်းသမားအချို့ရဲ့ ကိုယ်ရေးရာဇဝင်များကို ပိတ်ထားသောကြောင့် လုပ်ငန်း-ချိတ်ဆက်သည့် စာမျက်နှာတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ LinkedIn ရဲ့ အကြီးတန်း ဒုဥက္ကဌဖြစ်သူ Mohak Shroff က တရုတ်နိုင်ငံအား လိုက်လျောပေးရမည့် သတ်မှတ်ချက်များ ပိုမိုများပြားလာမှုကြောင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲများနှင့် ရင်ဆိုင်လာရကြောင်း ဘလော့ခ်တွင် ရေးသားထားပါတယ်။ အလွန်အမင်း ချွေးသိပ်ထားခြင်း။ LinkedIn သည် တရုတ်ရှိ တစ်ခုတည်းသော အနောက်တိုင်းဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်ကာ စတင်မိတ်ဆက်ခဲ့သော ၂၀၁၄ ခုနှစ်တွင် တရုတ်အစိုးရရဲ့ …
Read More »Video Interview လုပ်တဲ့အခါမှာသိရှိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်များ။
ပုံမှန်အားဖြင့် အလုပ်လျှောက်ပြီး အင်တာဗျူးလုပ်တဲ့အခါ အပြင်မှာပဲ လူချင်းတွေ့ပြီး အင်တာဗျူးလေ့ရှိပေမယ့် ကိုဗစ်ကာလအတွင်း ပြောင်းလဲလာသည့် နေထိုင်မှုဘဝပုံစံအရ Work From Home လုပ်ရခြင်း၊ အစည်းအဝေးလုပ်တဲ့အခါ၊ အင်တာဗျူးလုပ်တဲ့အခါမှာ Zoom ဒါမှမဟုတ် Google Meet-up တစ်ခုခုကို အသုံးပြုခြင်းတို့ ပိုမိုတွင်ကျယ်လာခဲ့ပါတယ်။ ပုံမှန်အားဖြင့် အပြင်မှာအင်တာဗျူးသွားတွေ့တဲ့အခါ လုပ်ငန်းနဲ့ပတ်သက်တဲ့ အချက်အလက်များကို ကြိုတင်လေ့လာခြင်း၊ သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်ခြင်းတို့ကို ပြင်ဆင်သွားနိုင်ပေမယ့် Video Interview လုပ်တဲ့နေရာမှာ တော်တော်များများက အတွေ့အကြုံများများစားစား မရှိသေးတာကြောင့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို Soshwe ရဲ့ ပရိသတ်များအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ ၁။ ကြိုတင်ပြင်ဆင်ပါ။ သင်က ကင်မရာကြောက်တတ်သူတစ်ယောက်ဖြစ်တယ်၊ စတိတ်စင်ကြောက်တတ်သူတစ်ယောက် ဖြစ်တယ်ဆိုရင် တကယ့် …
Read More »လူအများရဲ့ သဘောကျနှစ်သက်ခြင်းကိုခံနေရတဲ့ အမျိုးသားတစ်ယောက်ရဲ့ LinkedIn မှအသံဖိုင်။
အသက် (၇၇) နှစ်အရွယ် အမျိုးသားတစ်ဦးသည် LinkedIn မှ သူနဲ့ Connection ရှိသည့် ငယ်ရွယ်သည့်ကောင်မလေးထံသို့ အသံမက်ဆေ့ချ်များ ပေးပို့ခဲ့ပေမယ့် သူ့အနေဖြင့် အမျိုးသမီးများကို ချဉ်းကပ်ရန် LinkedIn ကို အသုံးမပြုကြောင်းနဲ့ သူဟာ လက်ထပ်ထားပြီးသည့် အမျိုးသားတစ်ယောက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Jimmy Digs ဟု အမည်ရသည့် အဆိုပါအမျိုးသားသည် ကယ်လီဖိုးနီးယားဒေသမှဖြစ်ပြီး BuzzFeed သတင်းဌာနနဲ့ တွေ့ဆုံရာ၌ LinkedIn ကဲ့သို့ အလုပ်အကိုင်ရှာဖွေရေးကို ဦးစားပေးသည့် ဆိုရှယ်မီဒီယာပေါ်၌ ယခုကဲ့သို့ အသံမက်ဆေ့ချ်ပေးပို့ခြင်းက မိမိအတွက် အထူးအဆန်းမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ Jimmy က “ကျွန်တော် LinkedIn ပလက်ဖောင်းကို အမှန်တကယ်သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်နဲ့ စိတ်တူကိုယ်တူတွေကို …
Read More »