ဘင်ဖီကာစတား ဒါဝင်နူနက်ဇ်ဟာ ဘောလုံးလောကထဲမှာ ကြီးမားတဲ့ကစားသမားဘဝ ပိုင်ဆိုင်ရရှိဖို့ လီဗာပူးဘော့စ်ယာဂင်ကလော့က ထောက်ခံလိုက်ပါတယ်။ ဒါ့အပြင် စတားတယောက်ဖြစ်လာဖို့ အသွင်အပြင်တွေလည်း ဥရုဂွေးသားမှာရှိနေတယ်လို့ လီဗာပူးဘော့စ်က ချိန်ဆတွက်ချက်ပြခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်အပါအဝင် ဥရောပအသင်းကြီးတွေဆီက စိတ်ဝင်စားမှုကို သူဘာလို့ရနေတာလဲဆိုတဲ့ အကြောင်းပြချက်ကို လီဗာပူးနဲ့ကန်ခဲ့တဲ့ ချန်ပီယံလီးဂ်ပထမအကျော့၊ ဒုတိယပိုင်းကဂိုးနဲ့ ဒါဝင်က သက်သေပြခဲ့ပါတယ်။ ဥရုဂွေးသားဟာ ဒီရာသီမှာ ၂၉ ဂိုးသွင်းထားပြီးဖြစ်ကာ ဒီအချက်ကြောင့် ဘာဆီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ ချန်ပီယံလိဂ်ဒုတိယအကျော့အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ ဘင်ဖီကာတိုက်စစ်မှူးနဲ့ပတ်သတ်ပြီး ကလော့ရဲ့အမြင်ကို ပေါ်တူဂီမီဒီယာတွေက မေးမြန်းခဲ့ကြပါတယ်။ လီဗာပူးလူငယ်စင်တာဘက် ကိုနာတီနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ပုံစံကို အထင်တကြီးဖြစ်ခဲ့ကြောင်း ကလော့က အခုလိုပြောကြားခဲ့ပါတယ်။ “အလွန်အမင်းကို ကြည့်ကောင်းတဲ့ ကောင်လေးတယောက်ကို ပြောတာလား။ သူက တကယ့်ကို …
Read More »