Breaking News

Tag Archives: Joe Biden

မီးလောင်ရာ လေပင့်တဲ့လုပ်ရပ်တွေမလုပ်ဖို့ အမေရိကန်ကို ခြိမ်းခြောက်လိုက်တဲ့ ရုရှား။

ယူကရိန်းကို တာဝေးပစ် အဆင့်မြင့်ဒုံးလက်နက်တွေ ထောက်ပံ့ပေးမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာခဲ့ပြီးနောက်မှာပဲ အမေရိကန်ဟာ ရုရှား-ယူကရိန်းစစ်ပွဲကို ရှည်ကြာအောင် ပြုလုပ်နေတယ်လို့  ရုရှားက စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဒီလိုခေတ်မီလက်နက်တွေကို ယူကရိန်းဆီ ပို့ဆောင်ပေးနေခြင်းက ရည်ရွယ်ချက်ရှိရှိနဲ့ မီးထဲကို လောင်စာဆီထည့်တဲ့လုပ်ရပ်မျိုးဖြစ်ကြောင်း ရုရှားရဲ့ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကပြောကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ လက်နက်ပံ့ပိုးမှုတွေဟာ ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး စေ့စပ်ညှိနှိုင်းမှုတွေ ပြန်စဖို့လုပ်နေတဲ့ ယူကရိန်းခေါင်းဆောင်တွေရဲ့ လိုလားမှုကို အထောက်အကူမဖြစ်စေဘူးလို့ Peskov က ဆိုပါတယ်။ ဂျာမန်အစိုးရကလည်း ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေးစနစ် ပံ့ပိုးပေးမယ်လို့ ကတိကဝတ်ပြုထားပြီး ဂျာမန်အစိုးရ ပံ့ပိုးမယ့် IRIS-T လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ ယူကရိန်းတစ်မြို့လုံးကို ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုမှ ခုခံကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။ ယူကရိန်းကို အမေရိကန်က …

Read More »

သမ္မတကြီး Joe Biden ရဲ့ လှုပ်ရှားမှုတွေအပေါ် ဝေဖန်ပြောကြားလာတဲ့ သမ္မတဟောင်း Donald Trump

ပြီးခဲ့တဲ့ လအချို့က ဖလော်ရီဒါမှာ ကျင်းပခဲ့တဲ့ ကွန်ဆာဗေးတစ်နိုင်ငံရေးလှုပ်ရှားမှု ညီလာခံမှာ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု သမ္မတဟောင်း Donald Trump က မိန့်ခွန်းပြောခွင့်ရရှိခဲ့ပြီး သူ့ရဲ့မိန့်ခွန်းထဲမှာ လက်ရှိ အမေရိကန်ပြည်ထောင်စုသမ္မတ Joe Biden ရဲ့ လှုပ်ရှားမှုတွေနဲ့ ပြဿနာဖြေရှင်းပုံတွေကို ပွင့်လင်းစွာ ဝေဖန်ခဲ့ပါတယ်။ Donald Trump က “Joe Biden ဟာ ခေတ်သစ်သမိုင်းမှာ သမ္မတတွေအနေနဲ့ တိုင်းပြည်အတွက် ပထမဦးဆုံး စတင်တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ကြုံတွေ့ခဲ့ဖူးတဲ့ အဆိုးရွားဆုံးသော အဖြစ်အပျက်တွေထက် ပိုဆိုးတဲ့အဖြစ်အပျက်တွေနဲ့ ကြုံတွေ့နေရပါတယ်။ Joe Biden ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာဆိုရင် အလုပ် ၊ မိသားစု ၊ စွမ်းအား …

Read More »

ဒေါ်လာ ၃၅၀ ဘီလျံကျော် ရင်းနှီးမြှပ်နှံတော့မယ့် နည်းပညာကုမ္ပဏီကြီးတစ်ခု။

တောာင်ကိုရီးယားစက်မှုလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Samsung Group ဟာ လာမယ့် (၅) နှစ်အတွင်း Semiconductor အပါအဝင် အခြားစီးပွားရေးလုပ်ငန်းတွေမှာ ကိုရီးယားဝမ် ၄၅၀ ထရီလီယံ (ကန်ဒေါ်လာ ၃၅၆ ဘီလျံ) ရင်းနှီးမြှပ်နှံသွားမယ်လို့ ဆိုပါတယ်။ ၂၀၂၆ ခုနှစ်အထိ ရင်းနှီးမြှပ်နှံသွားမယ်လို့ ကနဦးသတင်းတွေအရ သိရပြီး အရေးပါတဲ့ Semiconductors လုပ်ငန်း ၊ ဇီဝဆေးထုတ်လုပ်ရေးနဲ့ မျိုးဆက်သစ် နည်းပညာဖွံ့ဖြိုးရေးပိုင်းတွေကို အရှိန်မြှင့်တင်ဖို့ အခုလို မြှပ်နှံလိုက်တာဖြစ်တယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ Samsung အနေနဲ့ Chip ကဏ္ဍလို မဟာဗျူဟာမြောက် အရေးပါတဲ့လုပ်ငန်းတွေမှာ ရေရှည်ဖွံဖြိုးဖို့နဲ့ ဇီဝဆေးထုတ်လုပ်ရေးပိုင်းကိုလည်း Chip စီးပွားရေးလို အောင်မြင်ဖို့ အမြောက်အမြား ရင်းနှီးမြှပ်နှံလာခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး …

Read More »

အသုံးပြုသူပေါင်း (၁) ဘီလီယံကျော်သွားပြီဖြစ်တဲ့ TikTok

နာမည်ကျော်ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ TikTok ကို အသုံးပြုသူစုစုပေါင်း (၁) ဘီလီယံကျော်လွန်သွားပြီလို့ ပြီးခဲ့တဲ့လအချို့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ (၂၀၁၈) သြဂုတ်မှာ အသုံးပြုသူတွေကို စတင်မိတ်ဆက်ပေးခဲ့တဲ့ ဒီအက်ပလီကေးရှင်းဟာ စတင်ပြီး (၃) နှစ်ကျော်ပတ်ဝန်းကျင်မှာတင် အခုလိုမျိုး ကြောက်ခမန်းလိလိ အနေအထားတစ်ရပ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဘေဂျင်းအခြေစိုက် ByteDance ပိုင် TikTok ဟာ ကိုရိုနာဗိုင်းရပ်စ်စတင်ပျံ့နှံ့ခဲ့တဲ့ (၂၀၂၀) ခုနှစ် ပထမ (၃) လပတ်ကာလအတွင်း ဒေါင်းလုတ်ခ်ဆွဲမှုအများဆုံး အက်ပလီကေးရှင်းဖြစ်ခဲ့ပြီး အဲ့ဒီကာလအတွင်းမှာတင် ဒေါင်းလုတ်ခ်ဆွဲအသုံးပြုသူပေါင်းက (၃၁၅) သန်းအထိ ရှိခဲ့တယ်လို့ဆိုပါတယ်။ ByteDance ရဲ့ (၂၀၂၀) ခုနှစ်အတွက်ဝင်ငွေက (၂၀၁၉) ထက် (၂) ဆပိုမိုမြင့်တက်လာခဲ့ပြီး ဝင်ငွေက အမေရိကန်ဒေါ်လာ (၃၄.၃) ဘီလီယံအထိ …

Read More »

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro