အသက် ၂၀ နှစ်အရွယ်ရှိ ပေါ့အဆိုတော်မလေး Billie ဟာ ဂုဏ်သတင်းကျော်ကြားမှုကို မုန်းတီးတဲ့အကြောင်းနဲ့ Justin Bieber နဲ့ မတွေ့ချင်ရတဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုလာပါတယ်။ Los Angeles သူလေး Billie ကို ကမ္ဘာ့အလုပ်အရှုပ်ဆုံး ကောင်မလေးလို့ တင်စားခေါ်ဝေါ်ကြသလို သူမဟာ ခံစားချက်အပြည့်နဲ့ သီချင်းတွေကို သီကုံးရေးသားပြီး ထူးခြားစွဲမက်ဖွယ်ကောင်းတဲ့ အသံပိုင်ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Ocean Eyes ဆိုတဲ့သီချင်းနဲ့ ဂီတလောကထဲကို စတင်ဝင်ရောက်လာပြီး Instagram မှာလည်း Follower ၉၉သန်းကျော်ရှိတဲ့ ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်ပဲ ဖြစ်ပါတယ်။ “ ကျွန်မအနေနဲ့ အနုပညာရှင်အမြောက်အမြားရဲ့ ပရိသတ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့နဲ့ တွေ့ဆုံနိုင်တဲ့ …
Read More »ငယ်စဉ်တုန်းက ကယ်တင်ပေးခဲ့တဲ့ လူသားတွေနဲ့ ပြန်လည်တွေ့ဆုံခဲ့တဲ့ ချင်ပန်ဇီမျောက်လေးရဲ့ အ့ံအားသင့်ဖွယ်ဗီဒီယိုဖိုင်။
Limbani ဟာ လူအများစု ပုံမှန်မြင်ဖူးနေကျ ချင်ပန်ဇီမျောက် တစ်ကောင်မဟုတ်ပါဘူး။ သူဟာ Follower ၇၂၀,၀၀၀ ကျော်ရှိတဲ့ အင်စတာဂရမ်အကောင့်ကို ပိုင်ဆိုင်ထားပြီး လူအများရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ မျောက်ကလေးတစ်ကောင်ဖြစ်ကာ မကြာသေးခင်ကပဲ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ အင်တာနက်အသုံးပြုသူတွေရဲ့ စိတ်နှလုံးကို နွေးထွေးစေခဲ့တဲ့ ဗီဒီယိုအသစ်တစ်ခု တင်ထားခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာတော့ သူငယ်စဉ်ဘဝကတည်းက ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တဲ့ Tania နဲ့ Jorge Sanchez တို့နဲ့ ပြန်လည်တွေ့ဆုံခဲ့တဲ့ စိတ်နှလုံးချမ်းမြေ့ဖွယ်မြင်ကွင်းကို တွေ့မြင်ရမှာပါ။ Limbani လေးဟာ Miami က သတ္တဗေဒတောရိုင်းတိရစ္ဆာန်ဖောင်ဒေးရှင်း (ZWF) သို့ မပြောင်းရွှေ့ခင်တုန်းက မွေးရာပါ အဆုတ်ရောင်ရောဂါကို ခံစားနေခဲ့ရတာကြောင့် Tania နဲ့ Jorge Sanchez …
Read More »အမျိုးသားတစ်ယောက်သာ ပါဝင်စာရင်းသွင်းခွင့်ရှိတဲ့ Dating App ကို တီထွင်ခဲ့တဲ့ ညဏ်ကြီးရှင်အမျိုးသား။
အခုခေတ်မှာဆိုရင် လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook ၊ Instagram နဲ့ Twitter တို့ကို လူသုံးများလာကြပြီး အခြားသော Dating App တွေဖြစ်တဲ့ Tinder ၊ Bumble နဲ့ Hinge တို့ ကနေလည်း ချစ်သူရှာဖွေနိုင်လာတာပဲ ဖြစ်ပါတယ်။ အဆိုပါ Dating App တွေရဲ့အားသာချက်က ထို App ကို အသုံးပြုသူတွေအနေနဲ့ ၄င်းတို့နဲ့လိုက်ဖက်တဲ့ ချစ်သူ ၊ ရည်းစားကို ရွေးချယ်နိုင်တာပဲဖြစ်ပါတယ်။ အခုတစ်ခါဖော်ပြပေးမယ့် Dating App ကတော့ Singularity လို့ အမည်ရပြီး ထို Dating App မှာ ထူးခြားချက်တစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ Singularity Dating …
Read More »အရုပ်မလိုပုံစံ ပြောင်းလဲလိုက်တာကြောင့် မိသားစုရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့ မိန်းကလေး။
အသက် ၂၁ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဟာ သူမရဲ့အသွင်အပြင်ကို ပြောင်းလဲဖို့အတွက် အလှပြင်ခွဲစိတ်မှုမှာ ဒေါ်လာ ၇၀၀၀၀ ကျော် သုံးစွဲပြီးနောက် သူမရဲ့ မိသားစုက အဆက်အသွယ် ဖြတ်ခဲ့ပါတယ်။ Jessy Bunny လို့ခေါ်တဲ့ ဂျာမန်ဖွား ဂျက်စီကာဟာ Instagram မှာ သူမရဲ့ ခန္ဓာကိုယ်အချိုးအစားတွေကို ဖော်ပြလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ရင်သားခွဲစိတ်ပြုပြင်မှု သုံးကြိမ်ခံယူခဲ့တဲ့ Jessy ဟာ လက်ရှိအချိန်မှာတော့ သူမရဲ့ရင်သားဟာ Cup D နဲ့ ၁၁ ဆ ကွာတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် သူမရဲ့နှာခေါင်းကို ခွဲစိတ်ပြုပြင်ပြီး နှုတ်ခမ်းနှင့် နှုတ်ခမ်းသားကို ကြီးထွားလာအောင်လည်း ပြုလုပ်ခဲ့ပါသေးတယ်။ Jessy ဟာ ‘နောက်ထပ် ခွဲစိတ်မှုများစွာ …
Read More »၂၀၂၂ ခုနှစ် ပထမ (၃) လအတွင်း လူအများဆုံး ဒေါင်းလုပ်ဆွဲခဲ့တဲ့ App
Sensor Tower ရဲ့ ၂၀၂၂ ပထမသုံးလပတ်တာ အချက်အလက်တွေအရ TikTok ဟာ Apple App Store ရဲ့ ဒေါင်းလုပ်ဆွဲမှုအများဆုံး App ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကမ္ဘာတလွှားက iPhone နဲ့ iPad တွေပေါ်မှာ TikTok ကို ဒေါင်းလုပ်ဆွဲမှုဟာ ၂၀၂၂ ခုနှစ် Q1 အတွင်း သန်း ၇၀ ကျော် ရှိခဲ့ပါတယ်။ TikTok ရဲ့နောက်မှာ YouTube ၊ WhatsApp ၊ Instagram နဲ့ Facebook တို့က ဒေါင်းလုပ်ဆွဲမှုအများဆုံး App တွေအဖြစ် ၂၀၂၁ ခုနှစ်ကအတိုင်း ရပ်တည်နေပါတယ်။ App စတင် …
Read More »ဖက်ရှင်ကျစေရန်အတွက် နှုတ်ခမ်းကို (၃) ဆလောက် ပိုမိုကြီးထွားလာအောင် လုပ်ခဲ့သည့်အမျိုးသမီး။
ဘူလ်ဂေးရီးယားနိုင်ငံ၊ Sofia မြို့တော်၌နေထိုင်သည့် အသက် (၂၂) နှစ်အရွယ် Andrea Dmilova Ivanova သည် သူမရဲ့နှုတ်ခမ်းကို ပုံမှန်ထက် (၃) ဆလောက် ပိုမိုကြီးထွားလာစေရန်အတွက် Filler အများအပြား ထိုးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါကျောင်းသူသည် မျက်လုံးထဲမှ မျက်ရည်အလိုအလျောက်ကျဆင်းသည့် ဝေဒနာနဲ့ပတ်သက်၍ (၁၅) ကြိမ်အထိ ကုသမှုခံယူခဲ့ပါသေးတယ်။ ဂျာမန်သမိုင်းကြောင်းပညာရပ်ကို သင်ယူနေသည့် Andrea သည် ယခုကဲ့သို့ စူထွက်နေသည့် နှုတ်ခမ်းကို ပိုင်ဆိုင်နိုင်ရန်အတွက် သူမအသက်ငယ်ရွယ်စဉ်အချိန်တည်းကပင် Filler ထိုးသည့်အကျင့်ကို ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ ပြုလုပ်ခြင်းကြောင့် ပျော်ရွှင်မိကြောင်းလည်း ဆိုပါတယ်။ Andrea က “အရင်ကထက် ကျွန်မနှုတ်ခမ်းတွေကို ပိုမိုသဘောကျလာပြီး ဒီလိုလုပ်ရတာကိုလည်း ကျွန်မပျော်ရွှင်ပါတယ်။ …
Read More »လူတွေရဲ့အချစ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ ချစ်စရာကြောင်လေး Mia
တစ်ကိုယ်လုံးဖြူဆွတ်နေတဲ့ Persian fluffy အမျိုးအစား ကြောင်လေး Mia ရဲ့ ဝင်္ကပါအခက်အခဲတွွေ၊ အတားအဆီးစမ်းသပ်မှုတွေကို ကျော်လွှားထားတဲ့ ဗီဒီယိုတွေဟာ အင်တာနက်သုံးစွဲသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ Mia ရဲ့ ပိုင်ရှင်ဖြစ်သူက ဒီအခက်အခဲအတားအဆီးတွေကို ကျော်လွှားနေတဲ့ Mia လေးရဲ့ ဗီဒီယိုတွေကို အင်တာနက်ပေါ်တင်ခဲ့ခြင်းဖြစ်ကာ ကြည့်ရှုသူ သန်းပေါင်းများစွာ ရှိလာခဲ့ပါတယ်။ ကြောင်လေး Mia ဟာ Instagram ပေါ်မှာ follower ပေါင်း ၁၆၀၀၀၀ ကျော် ပိုင်ဆိုင်ထားပြီး TikTok တွင် ၃.၈ သန်းအထိ ရှိပါတယ်။ “Mia က classic Persian ကြောင်လေးဖြစ်ပြီး အခုဆိုရင် ၁ နှစ်နဲ့ ၈ လအရွယ်ရှိပါပြီ။ …
Read More »ခင်ပွန်းဖြစ်သူ ဒေးဗစ်ဘက်ခမ်းကို လှောင်ပြောင်လိုက်သည့် ဗစ်တိုးရီးယား။
ကမ္ဘာကျော်ဘောလုံးသမားဟောင်းတစ်ယောက်ဖြစ်သည့် ဒေးဗစ်ဘက်ခမ်းနဲ့ ၎င်းရဲ့ဇနီးသည် ဗစ်တိုးရီးယားဘက်ခမ်းတို့အကြား ချစ်ဇာတ်လမ်းက ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်များအတွက် အမြဲတမ်း စိတ်နှလုံးအေးချမ်းစရာတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်းမအောင်မြင်ခင်တည်းက ခင်ပွန်းသည်ဘက်မှ မားမားမတ်မတ်ရပ်တည်ပေးခဲ့သည့် ဗစ်တိုးရီးယားနည်းတူ ဒေးဗစ်ဘက်ခမ်းကလည်း ဘဝလက်တွဲဖော်အပေါ် တစွန်းတစ သစ္စာဖောက်ခဲ့ခြင်းအလျဉ်းမရှိဘဲ ယနေ့အချိန်အထိ တွဲလက်တွေ ခိုင်မြဲခဲ့ပါတယ်။ ဖက်ရှင်လောကရဲ့ ဘုရင်နဲ့ဘုရင်မနှစ်ပါးဟုပင် ခေါ်ဆိုနိုင်သည့် အဆိုပါလင်မယားနှစ်ယောက်အကြားမှ ချစ်ခြင်းမေတ္တာတရားက ယနေ့အချိန်အထိ မပြောင်းလဲဘဲ လတ်ဆတ်နေဆဲဟုပင်ဆိုနိုင်ပြီး သားသမီးများအရွယ်ရောက် ကြီးပြင်းလာသည်အထိ ပျားရည်ဆမ်းသကဲ့သို့အချစ်များဖြင့် ကြည်နူးနေကြဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အချို့ကလည်း ဗစ်တိုးရီးယားဘက်ခမ်းမှ ခင်ပွန်းဖြစ်သူနဲ့အတူတွဲရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကို အင်စတာဂရမ်မှတစ်ဆင့် မျှဝေခဲ့ချိန်၌လည်း ပရိသတ်များအတွက် သဘောကျစရာဖြစ်ရပ်လေးတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။ ထိုဓာတ်ပုံ၌ ဒေးဗစ်ဘက်ခမ်းစီးထားသည့် လည်ရှည်ဘွတ်ဖိနပ်က ဒေးဗစ်ဘက်ခမ်းရဲ့ ခြေထောက်ထက် များစွာကြီးမားနေသည်ကို …
Read More »သားယောကျ်ားလေးကို ဆုံးရှုံးလိုက်ရတဲ့ ရော်နယ်ဒိုတို့စုံတွဲ။
ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုရဲ့ အမြွာကလေးနှစ်ဦးအနက် ယောက်ျားလေးဖြစ်သူဟာ သေဆုံးသွားခဲ့တယ်လို့ ကစားသမားက သူ့ရဲ့အင်စတာဂရမ်ကတဆင့် အသိပေးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းမှာ ရော်နယ်ဒိုရဲ့ အတူနေချစ်သူ ဂျော်ဂျီနာက အမြွာရင်သွေးလေးတွေကို လွယ်ထားရပြီလို့ ကြေညာခဲ့ပြီး အခုအခါမှာ တဦးကို ဆုံးရှုံးခဲ့ရကာ မိန်းကလေးဖြစ်သူသာ အသက်ရှင်သန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့လူမှုကွန်ရက်ကတဆင့် ရော်နယ်ဒိုက “ကျနော်တို့ရဲ့ ရင်သွေးလေးဆုံးပါးသွားတယ်ဆိုတာကို ကြေညာရတာက အလွန်ဝမ်းနည်းရပါတယ်။ မိဘတိုင်းခံစားရနိုင်တဲ့ အကြီးမားဆုံးဝေဒနာပါ။ ကျွမ်းကျင်တဲ့ စောင့်ရှောက်မှုနဲ့ ပံ့ပိုးကူညီမှုတွေအတွက် ဆရာဝန်တွေနဲ့ သူနာပြုတွေကို ကျေးဇူးတင်ပါတယ်” ‘ဒီဆုံးရှုံးမှုအတွက် ကျနော်တို့အားလုံး စိတ်မကောင်းဖြစ်ရပြီး အခုလိုခက်ခဲတဲ့အချိန်မျိုးမှာ မေးမြန်းခြင်းပြုတာတွေ မပြုလုပ်ဖို့လည်း မေတ္တာရပ်ခံပါတယ်။ ငါတို့သားလေး၊ မင်းဟာ ငါတို့ရဲ့ နတ်သားလေးပါပဲ။ ငါတို့မင်းကို အမြဲတမ်းချစ်မြတ်နိုးနေမှာပါ . . .” …
Read More »မတူညီတဲ့ ခန္ဓာကိုယ်အရွယ်အစားတွေရှိကြပေမယ့် တူညီတဲ့အဝတ်အစားတွေကို ဝတ်ဆင်ကာ ‘Style Not Size’ ဖြစ်ကြောင်း ပြသခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်။
မော်ဒယ်၊ influencer တစ်ယောက်ဖြစ်တဲ့ Denise Mercedes နဲ့ သူမရဲ့သူငယ်ချင်း Maria Castlellanos တို့ဟာ ၄င်းတို့ရဲ့ဆိုရှယ်မီဒီယာပေါ်ကနေတစ်ဆင့် ဖက်ရှင်ဆိုတာ ခန္ဓာကိုယ်အရွယ်အစားနဲ့ မသက်ဆိုင်ကြောင်းကို ပြသလေ့ရှိကြပါတယ်။ တူညီတဲ့အဝတ်အစားတွေကို ဝတ်ဆင်ကာ မတူညီတဲ့ခန္ဓာကိုယ်ပုံစံတွေကို ယှဉ်ပြထားခဲ့ပြီး ဒါဟာဘယ်လောက်တောင် အံ့သြစရာကောင်းကြောင်း ပြသထားပါတယ်။ သူတို့နှစ်ယောက်ရဲ့လုပ်ဆောင်မှုတွေဟာ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို လှုံ့ဆော်မှုတွေရရှိကြတာကြောင့် ယုံကြည်မှုတွေ ပိုရှိလာစေရန်် ကူညီထောက်ပ့ံပေးသလို ဖြစ်နေပါတယ်။ သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ အိုင်ဒီယာကောင်းကောင်းနဲ့ အဝတ်အစားဆိုတာ အကန့်အသတ်မရှိကြောင်း သက်သေပြချက်တွေကြောင့် ၄င်းတို့ရဲ့ပရိတ်သတ်အသစ်တွေ တစ်ဖြည်းဖြည်း တိုးလာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက Maria တစ်ယောက် Denise ရဲ့ဓာတ်ပုံဆရာအဖြစ် စတင်ရိုက်ကူးပေးရင်း သူတို့နှစ်ယောက် အလုပ်တွဲလုပ်ဖြစ်ခဲ့ကြပါတယ်။ ဓာတ်ပုံများစွာရိုက်ကူးပြီးနောက် Denise …
Read More »