ယနေ့ခေတ်ကမ္ဘာကြီး၌ ဆန်းသစ်တီထွင်မှုအားမြင့်တက်လာခဲ့သည့် လူသားများက ပါးစပ်အဟောင်းသား ဖြစ်စရာဖန်တီးမှုများကို တစ်ခုပြီးတစ်ခု ဖန်တီးလျက်ရှိပါတယ်။ လက်ရှိအချိန်၌လည်း စိတ်ကူးယဉ်အိပ်မက်တစ်ခုအဖြစ်သာ ရှိခဲ့သောကိစ္စရပ်တစ်ခုဖြစ်သည့် ကွန်ပျူတာနဲ့လူသားများရဲ့ဦးနှောက်ကို ကြိုးမဲ့စနစ်ဖြင့် ချိတ်ဆက်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ယခုဖြစ်ရပ်က ကမ္ဘာ့ပထမဆုံးဖြစ်ရပ်တစ်ခုအဖြစ် သမိုင်းဝင်သွားခဲ့ပြီး ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့် Elon Musk ရဲ့ တီထွင်ဆန်းသစ်မှုတစ်ခုမှ နောက်ဆက်တွဲအကျိုးဆက်သတင်းကောင်းလည်း ဖြစ်ခဲ့ပါတယ်။ Elon Musk သည် ဦးနှောက်မှတ်ဉာဏ်ပုံစံအတိုင်း အလုပ်လုပ်သည့် ချစ်ပ်ပြားလေးကို တီထွင်ဖန်တီးခဲ့ပြီး Gertrude ဟုအမည်ရသည့် ဝက်တစ်ကောင်ရဲ့ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းခဲ့ပါတယ်။ Rhode ကျွန်းရှိ Brown တက္ကသိုလ်မှ ထွက်ပေါ်လာသည့်သတင်းများအရ ကွန်ပျူတာနဲ့ လူသားတို့ရဲ့ ဦးနှောက်သည် ချိတ်ဆက်မှုတစ်စုံတစ်ရာမလိုအပ်ဘဲ ပြုပြင်ပြောင်းလဲထားသည့်အာရုံခံဆဲလ်များမှတစ်ဆင့် အချက်ပြထုတ်လွှင့်ကာ ချိတ်ဆက်နိုင်ကြောင်း သိရှိရပါတယ်။ အဆိုပါစမ်းသပ်မှုကို အသက် …
Read More »