ဆံကေသာနဲ့ ဦးရေပြားကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အချက်များ။ ဆံကေသာအလှဟာ ဆွဲဆောင်မှုရှိတဲ့အသွင်အပြင်ကို ဖန်တီးရာမှာ ဒုတိယအကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့် မိမိရဲ့မျက်နှာအသွင်အပြင်နဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ဖန်တီးနိုင်ဖို့ ကျန်းမာတဲ့ဆံကေသာကို ပိုင်ဆိုင်ထားဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဆံကေသာတွေကို ဆေးကြောသန့်စင်တဲ့အခါမှာ လူအများပြုလုပ်လေ့ရှိတဲ့ အလွဲလေးတွေကို သတိထားပြီး နောက်ထပ်မပြုလုပ်မိရအောင် ရေးသားမျှဝေ ဖော်ပြပေးလိုက်ပါတယ်။ ၁။ ဆံကေသာနဲ့ ဦးရေပြားကို ဆေးကြောသန့်စင်ဖို့လိုအပ်လာပြီလို့ စိတ်ထဲမှာထင်လာတာနဲ့ ဆေးကြောသန့်စင်လိုက်ပါ။ ချီကာဂို Maxine Salon မှ ဆံကေသာကျွမ်းကျင်ပညာရှင် Amy Abramite က တစ်ပတ်အတွင်းမှာ ဆံကေသာကို ဘယ်နှစ်ရက်တစ်ကြိမ်သာ လျှော်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေကို လစ်လျူရှုပြီး ကိုယ့်ရဲ့ဆံကေသာနဲ့ ဦးရေပြားကို ဆေးကြောသန့်စင်ဖို့လိုအပ်လာပြီလို့ စိတ်ထဲမှာထင်လာတာနဲ့ …
Read More »