အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ယူနိုက်တက် လူငယ်ကြယ်ပွင့်ကစားသမားလေး ဂါနာချိုရဲ့ စွမ်းဆောင်ရည်နဲ့ ယုံကြည်ချက်တို့အပေါ် တော်တော်လေး အထင်ကြီးလေးစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အသက် (၁၇) နှစ်အရွယ် အဆိုပါကစားသမားလေးဟာ မတ်အတွင်းက အာဂျင်တီးနားမှာ မက်ဆီနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့် ရခဲ့ပါတယ်။ ဂါနာချိုဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းကြီး လူစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပြီး အဲ့ဒီအချိန်မှာ ဂါနာချိုရဲ့ လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်တွေအပေါ် မက်ဆီက အထင်ကြီးလေးစားသွားခဲ့တာပါ။ ဒါ့အပြင် အနာဂတ်မှာလည်း တောက်ပလာမယ့် ကြယ်ပွင့်ကစားသမားအဖြစ် မက်ဆီက ဂါနာချိုကို ယုံကြည်ထားကြောင်းလည်း သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ ဂါနာချိုဟာ အာဂျင်တီးနား ယူ- ၂၀ အသင်းအတွက်လည်း အကောင်းဆုံးခြေစွမ်းပြနေပြီး ရီဗယ်လိုပြိုင်ပွဲမှာ (၄) ပွဲကစား၊ (၄) …
Read More »