အသက် (၂၈) နှစ်အရွယ်ရှိ နာရေးကူညီမှုအသင်းရဲ့ ဒါရိုက်တာအမျိုးသမီးတစ်ဦးသည် သူမရဲ့ အလုပ်ကို ပျင်းရိငြီးငွေ့လာသောကြောင့် ကြေးစားရေသူမအလုပ်ကို ပြောင်းလဲလုပ်ကိုင်ကာ ပျော်ရွှင်လျက်ရှိကြောင်း သိရှိရပါတယ်။ နာရေးကူညီမှုအသင်း၌ သေဆုံးသူများရဲ့ မိသားစုဝင်များကို ဆွေးနွေးနှစ်သိမ့်အကြံပေးရခြင်း အလုပ်ကို ငြီးငွေ့လာသည့် Jasmine Seales သည် Music Festival တစ်ခု၌ ရေသူမကဲ့သို့ သရုပ်ဆောင်နေသူတစ်ဦးကို မြင်တွေ့ရပြီးနောက် ယခုကဲ့သို့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ရန် ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်ပါတယ်။ သူမအနေနဲ့ ကြေးစားရေသူမအဖြစ် လုပ်ကိုင်နိုင်ရန်အတွက် ရေအောက်ထဲ၌ နာရီပေါင်းများစွာကြာအောင် သင်ကြားခဲ့ရပြီး အနည်းဆုံးအနေနဲ့ ရေအောက်ထဲ၌ (၂) မိနစ်နဲ့ (၃၅) မိနစ်ကြာ နေနိုင်အောင် လေ့ကျင့်ခဲ့ရတယ်လို့ သိရှိရပါတယ်။ ပွဲတော်များ၊ မွေးနေ့ပါတီများ၌ Jasmine တစ်ယောက် …
Read More »