Tana Torajan လူမျိုးလို့ခေါ်တဲ့ တောင်ပေါ်သားတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီကျွန်းပေါ်မှာ နေထိုင်ကြတဲ့ လူမျိုးစုဖြစ်ပါတယ်။ ဟိုးရှေးခေတ်ကတည်းနေထိုင်ကြပြီး ထူးခြားလှပတဲ့အိမ်ပုံစံ၊ ရင်သပ်ရှုမောဖွယ်ရာ ကျွန်းအလှအပတွေအပြင် ထူးခြားတဲ့ အသုဘအခမ်းအနားကြောင့် တစ်ကမ္ဘာလုံးက ခရီးသွားဧည့်သည်တွေရဲ့အာရုံစိုက်မှုကို ရရှိထားကြပါတယ်။ တိုရာဂျန်လူမျိုးတွေဟာ ဘိုးဘွားဘီဘင်တွေကို အရမ်းဂရုစိုက်ကြသူတွေ ဖြစ်ပါတယ်။ အသက်ရှင်နေစဉ်မှာတင်မကပဲ သေဆုံးပြီးချိန်ထိတောင် ဘိုးဘွားတွေအနေနဲ့ နောက်ဘဝမှာ မျက်နှာမငယ်ရအောင် စဉ်းစားပေးကြသူတွေလည်း ဖြစ်ပါတယ်။ အဲ့လိုမျိုးနောက်ဘဝကို အရမ်းအလေးအနက်ထားကြတဲ့လူမျိုးစုဟာ ရှေးခေတ်ကတည်းက ကျင်းပလာခဲ့တဲ့ အသုဘအလေ့အထကို အခုချိန်ထိ ထိန်းသိမ်းထားကြဆဲ ဖြစ်ပါတယ်။ ဘိုးဘွားတစ်ယောက်ဆုံးရှုံးသွားရင် ၄င်းတို့အနေနဲ့ ချက်ချင်းသင်္ဂြိုလ်ခြင်းမလုပ်ဘဲ အလောင်းကိ နှစ်တွေအကြာကြီးအထိ သိမ်းထားတတ်ကြပါတယ်။ အသုဘအခမ်းအနားစတင်တော့မယ်ဆိုရင်လည်း အလောင်းကို ရေမိုးချိုးသန့်စင်ပေးပြီး လူတွေအများကြီးဝိုင်းမကာ စင်အကြီးကြီးတစ်ခုပေါ်ကို တင်ကြပါတယ်။ တိုရာဂျန်လူမျိုးတွေရဲ့ အသုဘအခမ်းအနားတွေမှာ …
Read More »