Dan Alpine ဆိုသူ လေယာဉ်မှူးဟာ ကယ်လီဖိုးနီးယားပြည်နယ် တောမီးလောင်မှုကို ဝေဟင်ပေါ်ကနေ ကူညီငြိမ်းသတ်ပေးဖို့ မီးလောင်ပြီးမီးခိုးတွေထွက်နေတဲ့ တောနက်ကြီးရဲ့အပေါ်ကနေ ရဟတ်ယာဉ်ကို မောင်းနှင်ပျံသန်းနေတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ လေယာဉ်မှူးမထင်မှတ်ထားတဲ့ ဖြစ်ရပ်ကတော့ ရဟတ်ယာဉ်ရဲ့ ပွင့်နေတဲ့ပြတင်းပေါက်ကနေပြီး ဇီးကွက်လေးတစ်ကောင် ဝင်လာတာပဲဖြစ်ပါတယ်။ လေယာဉ်မှူး Dan ဟာ သူကြုံတွေ့ခဲ့ရတဲ့ ထူးဆန်းတဲ့အဖြစ်အပျက်ကို The Dodo သတင်းဌာနကို ပြန်လည်ပြောပြခဲ့ပြီး သူ့အနေနဲ့ တောက်လောင်နေတဲ့တောမီးကို ငြိမ်းသတ်ပေးဖို့ အာရုံထားနေတဲ့အချိန်မှာ ဘေးကပ်ရပ်မှာရှိတဲ့ လေယာဉ်မှူးထိုင်ခုံပေါ်မှာ အကောင်တစ်ကောင်ရှိနေတယ်ဆိုတာကို မျက်လုံးထောင့်ဖက်ကနေ သတိထားမိလိုက်ပြီး လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ မျက်လုံးအဝိုင်းသားလေးနဲ့ ကြည့်နေတဲ့ ဇီးကွက်လေးတစ်ကောင်ကို တွေ့မြင်ခဲ့ရပါတယ်။ ဇီးကွက်လေးကိုမြင်လိုက်ရတဲ့ ခဏတာမှာ လေယာဉ်မှူးအနေနဲ့ အိမ်မက်မက်နေတာလား တကယ်ဖြစ်နေတာလားဆိုတာကိုတောင် မခွဲခြားနိုင်တော့တဲ့အထိ …
Read More »