ဘူလ်ဂေးရီးယားနိုင်ငံ၊ Sofia မြို့တော်၌နေထိုင်သည့် အသက် (၂၂) နှစ်အရွယ် Andrea Dmilova Ivanova သည် သူမရဲ့နှုတ်ခမ်းကို ပုံမှန်ထက် (၃) ဆလောက် ပိုမိုကြီးထွားလာစေရန်အတွက် Filler အများအပြား ထိုးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါကျောင်းသူသည် မျက်လုံးထဲမှ မျက်ရည်အလိုအလျောက်ကျဆင်းသည့် ဝေဒနာနဲ့ပတ်သက်၍ (၁၅) ကြိမ်အထိ ကုသမှုခံယူခဲ့ပါသေးတယ်။ ဂျာမန်သမိုင်းကြောင်းပညာရပ်ကို သင်ယူနေသည့် Andrea သည် ယခုကဲ့သို့ စူထွက်နေသည့် နှုတ်ခမ်းကို ပိုင်ဆိုင်နိုင်ရန်အတွက် သူမအသက်ငယ်ရွယ်စဉ်အချိန်တည်းကပင် Filler ထိုးသည့်အကျင့်ကို ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ ပြုလုပ်ခြင်းကြောင့် ပျော်ရွှင်မိကြောင်းလည်း ဆိုပါတယ်။ Andrea က “အရင်ကထက် ကျွန်မနှုတ်ခမ်းတွေကို ပိုမိုသဘောကျလာပြီး ဒီလိုလုပ်ရတာကိုလည်း ကျွန်မပျော်ရွှင်ပါတယ်။ …
Read More »ခင်ပွန်းဖြစ်သူ ဒေးဗစ်ဘက်ခမ်းကို လှောင်ပြောင်လိုက်သည့် ဗစ်တိုးရီးယား။
ကမ္ဘာကျော်ဘောလုံးသမားဟောင်းတစ်ယောက်ဖြစ်သည့် ဒေးဗစ်ဘက်ခမ်းနဲ့ ၎င်းရဲ့ဇနီးသည် ဗစ်တိုးရီးယားဘက်ခမ်းတို့အကြား ချစ်ဇာတ်လမ်းက ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်များအတွက် အမြဲတမ်း စိတ်နှလုံးအေးချမ်းစရာတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်းမအောင်မြင်ခင်တည်းက ခင်ပွန်းသည်ဘက်မှ မားမားမတ်မတ်ရပ်တည်ပေးခဲ့သည့် ဗစ်တိုးရီးယားနည်းတူ ဒေးဗစ်ဘက်ခမ်းကလည်း ဘဝလက်တွဲဖော်အပေါ် တစွန်းတစ သစ္စာဖောက်ခဲ့ခြင်းအလျဉ်းမရှိဘဲ ယနေ့အချိန်အထိ တွဲလက်တွေ ခိုင်မြဲခဲ့ပါတယ်။ ဖက်ရှင်လောကရဲ့ ဘုရင်နဲ့ဘုရင်မနှစ်ပါးဟုပင် ခေါ်ဆိုနိုင်သည့် အဆိုပါလင်မယားနှစ်ယောက်အကြားမှ ချစ်ခြင်းမေတ္တာတရားက ယနေ့အချိန်အထိ မပြောင်းလဲဘဲ လတ်ဆတ်နေဆဲဟုပင်ဆိုနိုင်ပြီး သားသမီးများအရွယ်ရောက် ကြီးပြင်းလာသည်အထိ ပျားရည်ဆမ်းသကဲ့သို့အချစ်များဖြင့် ကြည်နူးနေကြဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အချို့ကလည်း ဗစ်တိုးရီးယားဘက်ခမ်းမှ ခင်ပွန်းဖြစ်သူနဲ့အတူတွဲရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကို အင်စတာဂရမ်မှတစ်ဆင့် မျှဝေခဲ့ချိန်၌လည်း ပရိသတ်များအတွက် သဘောကျစရာဖြစ်ရပ်လေးတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။ ထိုဓာတ်ပုံ၌ ဒေးဗစ်ဘက်ခမ်းစီးထားသည့် လည်ရှည်ဘွတ်ဖိနပ်က ဒေးဗစ်ဘက်ခမ်းရဲ့ ခြေထောက်ထက် များစွာကြီးမားနေသည်ကို …
Read More »ဒေါ်လာတစ်သန်းတန် ကမ္ဘာ့စျေးအကြီးဆုံးကိတ်ကို ပြုလုပ်ခဲ့တဲ့ အမျိုးသမီး။
Dubai မှာပြုလုပ်တဲ့ မင်္ဂလာပွဲတစ်ခုကို တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ ကံကောင်းသူတွေဟာ ဒေါ်လာ ၁ သန်းတန် မင်္ဂလာကိတ်ကို မြည်းစမ်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒီကိတ်ကိုဖန်တီးခဲ့တဲ့ Debbie Wingham ဟာ ဒေါ်လာ သန်း ၅၀ တန် ဖက်ရှင်လက်ရာတွေကို ဖန်တီးထားခဲ့တာဖြစ်ပြီး ကမ္ဘာ့စျေးအကြီးဆုံး ဒီဇိုင်နာအဖြစ် လူသိများတာ ဖြစ်ပါတယ်။ သူမဖန်တီးခဲ့တဲ့ ဒေါ်လာ ၁ သန်းတန် သတို့သမီးပုံ မင်္ဂလာကိတ်ကို သတို့သမီးနဲ့ လုံးဝချွတ်စွတ် တူညီအောင် ဖန်တီးပြုလုပ်ထားတာဖြစ်ပြီး အရပ်အမြင့် 182 cm (72 in) ရှိကာ အလေးချိန် 120kg (၁၆၄ ပေါင်) လေးလံတာဖြစ်ပါတယ်။ ဒီသတိုးသမီးပုံ မင်္ဂလာကိတ်ကို မင်္ဂလာပွဲတက်ရောက်လာသူတိုင်း …
Read More »ကမ္ဘာကျော်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Jennifer Lopez နဲ့ အလန်းစားပွဲတက်ဖက်ရှင်များ။
ကမ္ဘာကျော် ပေါ့ပ်အဆိုတော်ကြီး Jennifer Lopez ဟာ အသက်အရွယ်နဲ့မလိုက်အောင် နုပျိုလွန်းလှသလို၊ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဝတ်စားဆင်ယင်တဲ့အပိုင်းမှာလည်း အပြစ်ပြောစရာမလိုအောင် ပြည့်စုံလွန်းသူတစ်ယောက်ပဲဖြစ်ပါတယ်။ ဆက်လက်ပြီး JLO ရဲ့ ပါးစပ်အဟောင်းသားဖြစ်သွားစေနိုင်တဲ့ ပွဲတက်ဖက်ရှင်နဲ့ အခြားဖက်ရှင်ဒီဇိုင်းတွေကို သူမရဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော် . . . ၁။ ငှက်မွှေးနဲ့ ဖန်တီးပြုလုပ်ထားတဲ့ ကုတ်အကျႌအဖြူရောင်နဲ့ ခမ်းခမ်းနားနားတွေ့မြင်ရတဲ့ JLO ၂။ ဒီဇိုင်နာ Alexander Wang မှ ဖန်တီးပြုလုပ်ထားတဲ့ ဝတ်စုံနဲ့ နယူးယောက်မှာ ပြုလုပ်တဲ့ Hustlers မိတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်လာပုံ။ ၃။ ရုပ်ရှင်ပွဲတော်တစ်ခုကို အလန်းစားဖက်ရှင်နဲ့ တက်ရောက်လာစဉ်။ ၄။ ကြက်သွေးရောင် …
Read More »မတူညီတဲ့ ခန္ဓာကိုယ်အရွယ်အစားတွေရှိကြပေမယ့် တူညီတဲ့အဝတ်အစားတွေကို ဝတ်ဆင်ကာ ‘Style Not Size’ ဖြစ်ကြောင်း ပြသခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်။
မော်ဒယ်၊ influencer တစ်ယောက်ဖြစ်တဲ့ Denise Mercedes နဲ့ သူမရဲ့သူငယ်ချင်း Maria Castlellanos တို့ဟာ ၄င်းတို့ရဲ့ဆိုရှယ်မီဒီယာပေါ်ကနေတစ်ဆင့် ဖက်ရှင်ဆိုတာ ခန္ဓာကိုယ်အရွယ်အစားနဲ့ မသက်ဆိုင်ကြောင်းကို ပြသလေ့ရှိကြပါတယ်။ တူညီတဲ့အဝတ်အစားတွေကို ဝတ်ဆင်ကာ မတူညီတဲ့ခန္ဓာကိုယ်ပုံစံတွေကို ယှဉ်ပြထားခဲ့ပြီး ဒါဟာဘယ်လောက်တောင် အံ့သြစရာကောင်းကြောင်း ပြသထားပါတယ်။ သူတို့နှစ်ယောက်ရဲ့လုပ်ဆောင်မှုတွေဟာ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို လှုံ့ဆော်မှုတွေရရှိကြတာကြောင့် ယုံကြည်မှုတွေ ပိုရှိလာစေရန်် ကူညီထောက်ပ့ံပေးသလို ဖြစ်နေပါတယ်။ သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ အိုင်ဒီယာကောင်းကောင်းနဲ့ အဝတ်အစားဆိုတာ အကန့်အသတ်မရှိကြောင်း သက်သေပြချက်တွေကြောင့် ၄င်းတို့ရဲ့ပရိတ်သတ်အသစ်တွေ တစ်ဖြည်းဖြည်း တိုးလာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက Maria တစ်ယောက် Denise ရဲ့ဓာတ်ပုံဆရာအဖြစ် စတင်ရိုက်ကူးပေးရင်း သူတို့နှစ်ယောက် အလုပ်တွဲလုပ်ဖြစ်ခဲ့ကြပါတယ်။ ဓာတ်ပုံများစွာရိုက်ကူးပြီးနောက် Denise …
Read More »