၁၈ ရာစုကတည်းက စတော်ဘယ်ရီသီးကို ဥရောပတွင် စတင်စိုက်ပျိုးခဲ့ကြပါတယ်။ အရည်ရွှမ်းပြီးချိုမြိန်တဲ့ စတော်ဘယ်ရီးသီးတွေဟာ ဗီတာမင်စီနဲ့ မန်းဂနိစ်ရဲ့အကောင်းဆုံး အရင်းအမြစ်ဖြစ်ပြီး ဗီတာမင် B9 နဲ့ ပိုတက်စီယမ်တို့ သင့််တင့်မျှတစွာ ပါဝင်ပါတယ်။ တစ်နေ့ကို စတော်ဘယ်ရီသီး ရှစ်လုံးခန့်စားပေးခြင်းက မယုံနိုင်လောက်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်တဲ့အကြောင်း လေ့လာတွေ့ရှိချက်တွေအရ ဖော်ပြလိုက်ပါတယ်။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း။ ကမ္ဘာတစ်ဝှမ်း လူသေဆုံးမှုအများဆုံး အကြောင်းအရင်းတွေထဲမှာ နှလုံးရောဂါက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်အရ စတော်ဘယ်ရီးသီးတွေဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ကိုလက်စထရော၊ သွေးပေါင်ချိန်နဲ့ သွေးဥဆဲလ်တွေရဲ့လုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်စေပါတယ်။ စတော်ဘယ်ရီးသီးက သွေးတွင်း antioxidant အခြေအနေကို တိုးတက်စေပြီး သွေးတွင်းဖိအားကိုလည်း လျှော့ချပေးပါတယ်။ ရောင်ရမ်းမှုတွေကိုလည်း လျှော့ချပေးကာ …
Read More »