လက်ရှိအချိန်၌ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် သင်တန်းအများစုကို ပိတ်ထားရဆဲဖြစ်ပေမယ့် အင်တာနက်ထွန်းကားလာသည့်ခေတ်၌ အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားရန်အတွက် ကြီးမားတဲ့ အခက်အခဲမျိုးတော့ မရှိတော့ပါဘူး။ ဒါပေမယ့် အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားရာ၌လည်း သိထားသင့်သည့်အချက်များ၊ သတိထားသင့်သည်များရှိသောကြောင့် အရေးကြီးဆုံးအချက်များကို ဖော်ပြပေးလိုက်ရပါတယ်။ ၁။ မိမိစိ်တ််ဝင်စားသည့်အရာနဲ့ ပတ်သက်သောသင်ရိုးကို ရှာဖွေပါ။ နာမည်ကောင်းရထားသည့် အွန်လိုင်းပလက်ဖောင်းတစ်ခုကို သွားရောက်ပြီး မိမိစိတ်ဝင်စားသည့် သင်ခန်းစာများ၊ သင်ယူသူများမှ ကောင်းမွန်ကြောင်း ထောက်ခံပေးထားသည့် သင်ရိုးများကိုရှာဖွေပါ။ အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားမယ့်သူများအနေဖြင့် ဆရာ၊ ဆရာမများ အသုံးပြုမည့် ဘာသာစကား၊ သင်ရိုးညွှန်းတမ်းတစ်ခုအတွက်ကြာချိန်နဲ့ မည်သည့်တက္ကသိုလ်က အဆိုပါသင်ရိုးကို ထောက်ပံ့ပေးထားသည်ဆိုခြင်းကို ကြိုတင်သိရှိထားသင့်ပါတယ်။ အချို့သော ဝက်ဘ်ဆိုက်များ၌ သင်ရိုးညွှန်းတမ်းများအတွက် ကျောင်းသား၊ ကျောင်းသူများရဲ့ တုံ့ပြန်ချက်ကို ပြသထားသောကြောင့် မိမိနဲ့ကိုက်ညီသည့်သင်ရိုးများကို …
Read More »