ဂျော်ဂျီယာနိုင်ငံရှိ Sammy ဟုအမည်ရသည့် အိမ်မွေးခွေးလေးသည် သူ့ရဲ့ ပိုင်ရှင်မိသားစုဝင်များကို မီးလောင်နေသည့် အိမ်အတွင်းမှ အချိန်မှီထွက်ပြေးနိုင်အောင် ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ (၆) ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါမီးလောင်မှု၌ Sammy သည် မီးစတင်လောင်ကျွမ်းသည်ကို မြင်တွေ့သည်နဲ့တစ်ပြိုင်နက် အဆက်မပြတ်ထိုးဟောင်ခဲ့ပြီး မိသားစုဝင် (၅) ယောက်လုံးကို အိပ်ရာမှလန့်နိုးစေခဲ့ပါတယ်။ Savannah မီးသတ်တပ်ဖွဲ့က “Sammy ဟာ မိသားစုဝင် (၅) ယောက်လုံးကို မီးလောင်နေတဲ့အိမ်ထဲကနေ အချိန်မှီကယ်ဆယ်နိုင်ခဲ့ပြီး မိသားစုဝင် တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိပါဘူး . . . ” ဆိုပြီး ၄င်းတို့ရဲ့ Facebook မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါ့အပြင်အဆိုပါစာသားနဲ့အတူ …
Read More »ကမ္ဘာ့အသက်အကြီးဆုံးဖြစ်လာတဲ့ ခွေးလေးအကြောင်း။
ဖလော်ရီဒါပြည်နယ်မှ ချီဟွာဟွာအမျိုးအစား TobyKeith လို့အမည်ရတဲ့ ခွေးလေးဟာ အသက် ၂၁ နှစ်နှင့် ၆၆ ရက်ရှိနေပြီဖြစ်ပြီး ကမ္ဘာ့အသက်အကြီးဆုံးခွေးအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါတယ်။ Greenacres မှ Gisela Shore ဆိုတဲ့ အမျိုးသမီးဟာ ခွေးလေး TobyKeith လအနည်းငယ်အရွယ်တုန်းက ခွေးဂေဟာတစ်ခုကနေ ခေါ်ယူမွေးစားခဲ့ပါတယ်။ “ကျွန်မက Peggy Adams Animal Rescue မှာ စေတနာ့ဝန်ထမ်းလုပ်ခဲ့ပြီး သက်ကြီးရွယ်အိုစုံတွဲတစ်တွဲက ခွေးလေးကို မထိန်းသိမ်းနိုင်တော့တာကြောင့် ခွေးလေးကို အဆုံးရှုံးခဲ့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ” ဆိုပြီး Shore က ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းသို့ ပြောကြားခဲ့ပါတယ်။ ” အဲ့ဒီသက်ကြီးရွယ်အိုစုံတွဲက ကျွန်မကို သေးငယ်တဲ့ ချီဟွာဟွာနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အစတုန်းက …
Read More »