Oscar Lundahl သည် ဒိုင်နိုဆောမျက်လုံးများနဲ့ဆင်တူသည့် ငါးတစ်ကောင်ကို ငါးမျှားချိတ်၌ဖမ်းမိပြီးနောက် ရေထဲသို့ ခုန်ချလုမတတ်ထိတ်လန့်ကြောက်ရွံ့ခဲ့ရကြောင်း သိရှိရပါတယ်။ အဆိုပါငါးကို Ratfish ဟု ခေါ်ပြီး ရေနက်ပိုင်းတွင်ကျက်စားသည့် ငါးမန်းမျိုးစိတ်ဝင်ငါးအမျိုးအစားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ငါးမန်းများကဲ့သို့ လူကို အန္တရာယ်တစ်စုံတစ်ရာပေးနိုင်ခြင်းမရှိဘဲ ရှည်လျားပြီး ပါးလွှာတဲ့အမြီးကြောင့် အချို့သောသိပ္ပံပညာရှင်များက အဆိုပါငါးကို ကြွက်နဲ့ပုံစံတူတယ်လို့လည်း ယုံကြည်နေကြပါတယ်။ Ratfish ရဲ့ ကြီးမားသည့် မျက်လုံးများသည် ကြောင်များကဲ့သို့ အမှောင်ထဲ၌ လင်းလက်တောက်ပတတ်ပြီး အသက် (၁၉) နှစ်အရွယ် အဆိုပါအမျိုးသားက Ratfish ကို ရေအနက် မီတာ (၈၀၀) မှတစ်ဆင့် ဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။ ငါးဖမ်းသမားတစ်ဦးမှ “ငါးမျှားချိတ်ကို ရစ်တင်တဲ့အချိန်က တစ်ခုခုကြီးကြီးမားမား ပါလာပြီလို့ ကျွန်တော်ထင်ပါတယ်။ …
Read More »