လိင်ကိစ္စဆိုတာက လူသားတယောက်ရဲ့ဘဝမှာ ရှောင်လွှဲလို့ရတဲ့ကိစ္စတရပ် မဟုတ်ပါဘူး။ အဓိကအရေးကြီးတာက လိင်ပိုင်းဆိုင်ရာ အသိပညာ ပြည့်ဝနေဖို့သာဖြစ်ပြီး အချိန်အခါနဲ့ အခြေအနေအပေါ် မူတည်ရင်း လိုက်လျောညီထွေရှိနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲ တချိန်လုံး လိင်စိတ်ပြင်းထန်တာက သင့်ရဲ့လူမှုဘဝကို ထိခိုက်စေနိုင်ပြီး ဒီလိုမျိုးဖြစ်လာပြီဆိုရင်တော့ ကိုယ့်စိတ်ကို အာရုံလွှဲပြင်ဆင်သင့်သလို လိုအပ်လာရင် ဆရာဝန်နဲ့ပါ တိုင်ပင်ကုသသင့်ပါတယ်။ အဲ့ဒါကြောင့် လိုအပ်တာထက် လိင်စိတ်ဆန္ဒပိုမိုပြင်းပြနေသူတွေရဲ့ လက္ခဏာတွေကို ထောက်ရှုဆင်ခြင်နိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။ ၁။ လိင်ပိုင်းဆိုင်ရာကိစ္စတွေ အလွန်အကျွံပါဝင်ခြင်း။ ညစ်ညမ်းကားတွေကြည့်တာ၊ တကိုယ်ရေအာသာဖြေတာနဲ့ လိင်ဆက်ဆံဖော်များစွာ ရှိနေတာတွေကို ရပ်တန့်နိုင်ဖို့ ကြိုးစားပြီးပြီလား။ ဒါတွေကို ရပ်တန့်နိုင်ဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ မရပ်တန့်နိုင်သေးဘူးဆိုရင်တော့ သင်က သေချာပေါက်ကို လိုအပ်တာထက်ပိုပြီး လိင်စိတ်ဆန္ဒ …
Read More »