ကျွန်မတို့အနေနဲ့ စားသောက်ဆိုင်တစ်ခုခုမှာ တခြားသောစားသုံးသူပဲဖြစ်ဖြစ်၊ ကိုယ့်နဲ့အတူလိုက်လာတဲ့ သူငယ်ချင်းကပဲဖြစ်ဖြစ် စားပွဲထိုး (သို့) စားဖိုမှူးကို “နံနံပင်မထည့်နဲ့နော်။”ဆိုပြီး သတိပေးတဲ့ စကားမျိုးကို မကြာခဏကြားရမှာပါ။ ကမ္ဘာနဲ့ချီပြီးပြောရမယ်ဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းမှာတော့ နံနံပင်ကို အရမ်းနှစ်သက်တဲ့သူတွေလည်းရှိသလို နံနံပင်ကို မုန်းတီးသူတွေလည်းရှိပါတယ်။ ဒါဆိုရင် နံနံပင်မကြိုက်တဲ့သူတွေက ဘာကြောင့်နံနံပင်ကိုမကြိုက်ရတာလဲဆိုတာကို သိပ္ပံပညာရှင်တွေက သုတေသနတွေပြုလုပ်ပြီးတဲ့နောက်မှာတော့ အဖြေရှာဖွေတွေ့ရှိသွားပါတယ်။ Deakin တက္ကသိုလ်ရဲ့ အာဟာရဗေဒဆိုင်ရာ သုတေသနပညာရှင် Russell Keast က “နံနံပင်ထဲမှာပါတဲ့ ဓာတ်တစ်မျိုးဟာ လူသားတစ်ဦးချင်းစီရဲ့ ဗီဇလက္ခဏာပေါ်မူတည်ပြီး ပြောင်းလဲနေတာပဲဖြစ်ပါတယ်။ နံနံပင်ကို မကြိုက်တဲ့သူတွေအနေနဲ့ နံနံပင်စားတဲ့အခါမှာ သူတို့ရဲ့ခံတွင်းက နံနံပင်ကို ဆပ်ပြာအရသာဖြစ်အောင် ပြောင်းလဲပေးလိုက်တဲ့အတွက်ပဲဖြစ်ပါတယ်။” လို့ ဆိုထားပါတယ်။ ဆက်လက်ပြီးတော့ Russell က ၂၆% သော …
Read More »