သဘာဝအာဟာရဓာတ်တွေ ပြည့်ဝနေ့တဲ့ အုန်းရည်ဟာ ဗီတာမင်ကြွယ်ဝစွာပါဝင်တဲ့ သဘာဝအသီးအနှံတစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် အသားအရည် ကျန်းမာလှပစေတဲ့ ကယ်လ်စီယမ်ဓာတ်တွေ၊ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ဗီတာမင်ကေ၊ ပရိုတင်း၊ သံဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အုန်းရည်ဟာ သွေးလည်ပတ်မှု ကောင်းမွန်စေပြီး သွေးဖိအားကိုလည်း ပုံမှန်အနေအထားရောက်ရှိအောင် လုပ်ဆောင်ပေးနိုင်တာကြောင့် နှလုံးရောဂါနဲ့ အခြားဆက်နွှယ်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ကယ်လိုရီနဲ့ အဆီဓာတ်လည်း နည်းပါးတာကြောင့် ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက် အကောင်းဆုံး သဘာဝဖျော်ရည် ဖြစ်ပါတယ်။ ကျောက်ကပ် ကျောက်တည်တာတွေ၊ ဆီးလမ်းကြောင်းပိုးဝင်တာတွေအတွက်လည်း အုန်းရည်က ကောင်းကျိုးပြုပါတယ်။ အုန်းရည်ဟာ ဘက်တီးရီးယားပိုးတွေ သေစေနိုင်စွမ်းရှိတာကြောင့် အရေပြား ကျန်းမာရေး ကောင်းမွန်အောင် ကူညီပေးနိုင်ပြီး ဝက်ခြံတွေ ပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် အရေပြားပျက်စီးတာတွေကို …
Read More »