ဘရာဇီးနိုင်ငံ၌ လိင်ပြောင်းထားသူများနဲ့ လိင်တူချစ်သူများအား ဖိနှိပ်သူများကို ဥပဒေအရအရေးယူ အပြစ်ပေးတော့မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပြီး အဆိုပါ လိင်ပြောင်းနဲ့လိင်တူချစ်သူများအပေါ် ညှင်းပန်းနှိပ်စက်သူများအနေဖြင့် ထောင်ဒဏ် (၅) နှစ် ကျခံရမည်လည်း ဖြစ်ပါတယ်။ မိန်းမလျာများအခွင့်အရေးအတွက်လှုပ်ရှားသည့် Gay da Bahia အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် (၂၀၁၈) ခုနှစ်အတွင်း ဘရာဇီးနိုင်ငံ၌ မိန်းမလျာ (၁၄၁) ယောက်အထိ အသတ်ခံခဲ့ရကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ဘရာဇီးနိုင်ငံအတွင်း (၂၀၁၇) ခုနှစ်တစ်နှစ်တည်း၌ပင် လိင်ပြောင်းများ သတ်ဖြတ်ခံရသည့်အရေအတွက်က (၁၇၁) ယောက်အထိ စံချိန်တင်ရှိခဲ့ပြီး ဥရောပတိုက်၌မူ (၁၆) နာရီတိုင်း တစ်ယောက်နှုန်းဖြင့် လိင်ပြောင်းများအပေါ်သတ်ဖြတ်မှုရှိနေကြောင်း အဆိုပါ အဖွဲ့အစည်းမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။ တရားမျှတမှုကို လိုလားသူတစ်ဦးဖြစ်သည့် Carmen …
Read More »(၇) မီတာရှည်လျားသော အန်နာကွန်ဒါမြွေကြီးနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ရတဲ့ ရေငုပ်သမားများ။ (ရုပ်/သံနှင့်တကွ)
ဘာတိုလ်မီအိုဘို့ဗ်နဲ့ ၄င်းရဲ့ သူငယ်ချင်းဖြစ်သူ ယူဂါရာဂါရာပီတို့ဟာ အရှည်အားဖြင့် (၇) မီတာရှည်လျားပြီး အလေးချိန် ကီလို (၉၀) ဝန်းကျင်ရှိသည့် အစိမ်းရောင်အန်နာကွန်ဒါမြွေကြီးတစ်ကောင်နဲ့ ရင်ဆိုင်တွေ့ရှိခဲ့ရကြောင်း သိရှိရပါတယ်။ ၂၀၂၀ ခုုနှစ် ဇူလိုင်လက အဆိုပါ သူငယ်ချင်းနှစ်ယောက်ဟာ ဘရာဇီးနိုင်ငံ ဖော်မိုဆိုမြစ်အတွင်း၌ ရေဆင်းငုပ်ရာမှတစ်ဆင့် ယခုကဲ့သို့ ဧရာမမြွေကြီးတစ်ကောင်ကို တွေ့ရှိခဲ့ကြခြင်းဖြစ်ပါတယ်။ ၄င်းတို့ရိုက်ကူးထားသည့် ဗီဒီယိုအတွင်း၌ အဆိုပါမြွေကြီးသည် မြစ်ကြမ်းပြင်၌ လဲလျောင်းနေပြီး ကင်မရာကို မြင်တွေ့ချိန်၌ အဆိုပါမြွေကြီးသည် သူ့ရဲ့မျက်လုံးကိုပိတ်ကာ အဝေးသို့ထွက်ခွာသွားခဲ့ကြောင်း သိရှိရပါတယ်။ ဘို့ဗ်ဟုအမည်ရသည့် ရေငုပ်သမားသည် အဆိုပါမြွေကြီးကို ဆက်လက်ခြေရာခံရန်အတွက် နောက်ယောင်ခံလိုက်ခဲ့ပြီး အန်နာကွန်ဒါမြွေများနဲ့ ပတ်သက်သည့် အကြောင်းအရာများကို ဗီဒီယိုမှတစ်ဆင့် ဖောက်သည်ချခဲ့ပါတယ်။ ဘို့ဗ်က “တောင်အမေရိကတိုက်ရဲ့ ဘိုနီတိုဒေသတစ်ဝိုက်က …
Read More »